ကိုယ်ပိုင်ကြယ်စုရယ် လို့တော့မရှိပါဘူးလွမ်းတဲ့အခါရှာကြည့်တယ်
(မျက်လုံးရှေ့က အလင်းတန်းတွေ ကတော့ ရောက်နိုင်တယ်လေ)
ဝေးကွာလွန်းတိုင်းနဲ့ ခူးမထားချင်ပါဘူး
သူ့ galaxy နဲ့ သူနေရာတကျမှာ
ဥက္ကာပျံ ဖြစ်မလာမှာလည်း သေချာနေတာပဲ
မှားလိမ့်မယ့်မမှတ်မိခြင်းများ
လိုချင်သမျှ အလင်းတိုင်းကို တောင်းယူရအောင်
တစ်ဦးတည်းပိုင်ဖြစ်မနေတာ လည်းခက်သားပဲ
မြတ်နိုးတဲ့တန်ဖိုးချင်းက တအားများကွာနေတာလား
ကြယ်တစ်လုံးရဲ့ အိပ်မက်ကတော့
မှေးမှိန်တဲ့ ငေးမောလွမ်းဆွတ်ခြင်းအကြောင်း လုံးဝမဖြစ်နိုင်ဘူး။
5th February, 2007 (12:10 AM)
posted from Bloggeroid
