Spring cottage

Mar 19, 2013

3 comments
That cottage is a home which we built with heart.
Needless to say , it's so sweet and nice insight.
Beneath the clear blue sky, covering whitest clouds.
Surrounded with boughs of teak.
Near the shore, floored with sand.

Beautiful you and perfect love
Complete my way through.
There's nothing what we need more.

When you walk down along the trace
Together with your puppy Bee
That scene enrich the evening more than everything.

I can see your hands waving
From the verandah that means more than a moon
I may smile you back though you can't see it.
But I can see your mouth playing with unsatisfactory mood.
Yes, this is also a piece of symphony.

At night, you will laugh at my old songs.
Even it is I can only make,
Thank you so much for listening my beats.
It's a heaven home baby.

While your cloths' sleeves are moving with wind
I can smell your skin that I hugged everyday.
I can sense the kindness of touch that you comforted me.
I can feel your hands that took me far away.
Oh baby, please live in that cottage and never left behind.

The touch of your hair stimulates all my sensory cells.
And it makes awake me up all night.
Let me stay beside you the whole life baby.
For my life candle will blow out
If you go away just for a minute.
You are the one who knows me and so do I.
So let's spend our spring warmly tied.
The breathe in and out of ours is just a single one.

17th May, 2010

On the silver lane

Mar 16, 2013

2 comments




သူမခြေလှမ်းပေါင်း များစွာကိုလှမ်းခဲ့ပြီ။ ဘယ်လောက်များသလဲဆိုတာ ရေတွက်ဖို့တောင် မဖြစ်နိုင်လောက်အောင် လှမ်းခဲ့ပြီ။ မဟုတ်ဘူး၊ သူမ မိုင်တိုင်အချို့ကိုတောင် ဖြတ်ကျော်လာခဲ့ပြီ။ သူမလာခဲ့သောလမ်းက ရှည်လျားလွန်းလို့ ခြေကုန်လက်ပမ်းကျလာခဲ့ပြီ။ သူမအရမ်းကို မောပန်းနေပါပြီ။ သူမဘယ်လောက် ဝေးဝေးကို ရောက်နေပြီလဲဆိုတာ သူမကိုယ်သူမလည်း မသေချာ။ သူမက ဘယ်လောက်တောင် အဝေးကို သွားခဲ့လို့ သူမရဲ့အိမ်က ဘယ်လောက်အဝေးမှာ ကျန်ခဲ့မှန်း သူမ မသိတော့။ သူမရှေ့က မျက်စိတစ်ဆုံးမှာတော့ ကျိုးတို့ကျဲတဲ အိမ်ခြံများအလယ်မှာ မိန့်မိန့်ကြီးလှဲလျောင်းနေသော ငွေလမ်းမကြီးသာ ရှိသည်။ သူမသွားချင်တာ ထိုလမ်းမကြီး၏ ဘေးဝဲယာက အမှတ်တစ်ခုလား၊ ထိုလမ်းမကြီး၏ အဆုံးလား။ သူမ၏နောက်ဝေးဝေးတစ်နေရာမှာတော့ အဆောက်အဦး မြင့်မြင့်မားမားများ လှလှပပ စီချထားသော ရှုပ်ထွေးမောပန်းစွာ တက်ကြွနေသော ဒေသတစ်ခုရှိလိမ့်မည်။ ထိုဒေသတွင် တစ်ခုအပါအဝင်ဖြစ်သော သူမ၏အခန်းကို ပြန်ရောက်နိုင်ဖို့ ဆိုလျှင်တောင် တော်တော်များများ ပြန်လှမ်းရဦးမည်။ သူမ၏အိမ်ကို ရောက်ဖို့ဆိုတာတော့ အဖြေရှိလျက် သူမမသိခဲ့သော မေးခွန်းတစ်ခုသာဖြစ်သည်။ ထိုလမ်းမကြီးပေါ်ကနေတော့ သူမအိမ်ကိုပြန်ဖို့ ဘယ်အရပ်သို့ မျက်နှာမူရမယ်ဆိုတာ ကိုပင်သူမမသိပါ။ သူမ၏နားထင်နှင့် ပါးပြင်များတွင် စိုစွတ်လာနေသော်လည်း သူမလက်ဖမိုးများဖြင့်သာ ပွတ်သပ်ချနေမိုသည်။ ထိုစိုစွတ်မှုသည် အရေပြားမှလာသလား မျက်ဝန်းအိမ်များမှ လာသလား သူမမသိသော်လည်း သူမခြေထောက်များကတော့ ဆက်လှမ်းလျက်သာရှိသည်။
                       ×××××××××××××××××××××××××××××××××××××××

မိသားစု

3 comments
ဘယ်တော့မှ လေပြေညင်းတွေ မတိုက်ခတ်ခဲ့ဘူး
မုန်တိုင်းလို လှိုင်းလို ကြမ်းလည်း ထန်လည်း
ဝါးထိုးကူတဲ့သူတွေပဲ ပေါခဲ့တယ်။
မျက်ရည်မကျဘူး မပြောလိုဘူး
အပြုံးမပျက်ဘူး မာန်မတက်လိုဘူး
ကပ်လျက်လိုက်လာတဲ့ မိုးရေတွေအောက်
ဒိုက်သရောတွေကြား မျောတဲ့အခါမျော
မချိုးကွေ့ချင်တဲ့ မြစ်ကျိုးအင်းနဲ့လည်းတွေ့
ကျောချင်းလည်း ကပ်ခဲ့ရ၊ လက်ချင်းလည်း ယှက်ခဲ့ရ။
ဆိပ်ကမ်းရဲ့ ဥသြသံတွေပြောင်းတိုင်း
နာရီသံပတ်ကို လက်ညှိုးထိုး အမောစို့
ဒါပေမယ့်လည်း
ကိုယ်ထဲက သွေးဥတွေ တစ်ရောင်တည်း နီနေသမျှ
တိမ်မည်းတွေတိုင်းမှာ ငွေရောင်အနားကွပ်ရှိတယ်။

16th March, 2013 (9:54 PM)

လိုတိုးပိုလျှော့ မျှခြေ

2 comments
အထပ်ထပ်အခါခါ သိပ်ခဲထားတဲ့
အတေးအမှတ်လေးတွေက
ငါ့ရင်ခွင်ထဲ သောင်လာဖို့တယ်
စီဖို့ စဉ်ဖို့ ထပ်လိုက် ဆင့်လိုက်တိုင်း
နောက်ကျော မလုံတဲ့ ငါတို့ရဲ့ သံယောဇဉ် အတွက်
အဘိဓာန်တစ်အုပ်လောက် ပြဌာန်းချင်တယ်
ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးပြီး
ငါ့ရဲ့ chamber တွေကို မင်းဘာသာပြန်တတ်မလား။
မဟာဂရုဏာရှင်တို့ရဲ့ မေတ္တာတော်တွေ
ဝဋ်ကြွေးကြီးတဲ့ ငါတို့ ချစ်ခြင်းအပေါ်
အသနား အကြင်နာ စွန့်ကြဲဖို့
မျက်နှာစာအသစ် ဖောင်တိန်အသစ်နဲ့
စင်ရော်တစ်ကောင် အတောင်တွေဖြန့်တဲ့နောက်
တစ်ကြောင်းပဲရှိရှိ နှစ်ကြောင်းပဲရှိရှိ
ကဗျာတစ်ပုဒ်လောက် ရေးချင်တယ်။

13th March, 2013 (3:00 PM)

ဘယ်လိုလဲ မိုး

Mar 11, 2013

3 comments
......
တောင့်တနေတဲ့ အချိန်မှာ
လျှပ်စစ်ဓာတ်တွေပဲ ရခဲ့တယ်။
......
နှုတ်ဆက်လက်လျှော့ကာမှ
ဝင်ရောက်စီးဆင်းချင်တာလား။
......
အေးချမ်းမှုတွေထဲမှာ
ဘယ်အက်ဆစ်ကိုမှ မထည့်ပါနဲ့လားကွာ...

22nd October, 2005

Goodbye

2 comments
လွန်ဆွဲသလို နေပြီးမှတော့
မဆုံနဲ့စို့...
ဘယ်အရပ်ကို၊ ဘယ်ပန်းတိုင်ကို
ဦးတည်ရမှာ မသိတော့ရင်
သံလိုက်အိမ်မြောင်လည်း
မကူညီနိုင်ဘူး။

20th June, 2005

ခွင့်ပေးပါ

1 comments
မနက်
နိုးထလာတာနဲ့ 
ခြောက်သွေ့နေတော့မှာလား
နဖူးပေါ်လက်တင်
နွမ်းလျနေရတော့မျာလား
ဘဝ
(ဆန္ဒတွေရဲ့အကောင် အထည်ကို မစောင့်ပဲ)
စိတ်လိုက်မာန်ပါနဲ့
(သက်သေပြမယ့် ကတိကဝတ်တွေကို)
ခပ်စောစောမှာတော့ မညှိုးရော်ခိုင်းပါနဲ့။

16th June, 2005

Babysitter

1 comments
ပြောင်းလဲတတ်တဲ့အရာင်ထဲမှာ
ကောင်းကင် တစ်ခုပဲအပြစ်မဲ့တယ်။
မောင်းဆုံကို ဝလုံးသင်ပေးဖို့အသွား
သူ့နီတိတွေတောင် ပြန်အံခဲ့ရသေးတယ်။
ကိုယ့်ကိုကိုယ်ဖို့ထားတဲ့ ကျောက်စရစ်ခဲတွေလည်း
department store ထဲမှာ
ရွေးချယ်စရာတွေ ကြွယ်ဝနေလိုက်တာ
ဒဿဂီရိတောင် ငိုချလောက်ရဲ့၊
အတွေးစိတ်စေတနာတွေ
ဘယ်လောက်ရှည်လျားလျားပေါ့
အခုလောလောဆယ် ရွတ်ဖတ်နေတဲ့
သုံးရာခြောက်ဆယ့်ငါးပုံ တစ်ပုံကို
ရှင်သန်ထမြောက်စေနိုင်ဖို့
စက်ရုံဟောင်းထဲမှာ တစ်ဝဲလည်လည်
အလုပ်ရှုပ်နေတဲ့ ဖဲကြိုးတစ်ချောင်းကတော့
အိပ်ချင်ယောင်ပဲဆောင်နေခဲ့တယ်။

31st January, 2009

မနက်ဖြန်

0 comments
တိမ်ညိုတွေအုံ့စိုင်း မိုးကြိုးလျှပ်စစ်ရဲ့ဂီတ
အိတ်သွန်ဖာမှောက် တစ်ဝုန်းဝုန်းထတဲ့ ရေတံခွန်
ဘယ်လောက်ပဲ လေတွေ ဆိုးကြမ်းနေပါစေ
ဖြန့်ကျက်ထားတဲ့ လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်
အဲ့ဒါ
ခွန်အားအပြည့်ဆုံး breakfast ပါပဲ။

17th October, 2008

အပျော်ဆုံးနေ့သို့

Mar 7, 2013

4 comments
တစ်ရွေ့ တစ်ရွေ့ နှေးနှေးလွန်းလို့
ဝမ်းလျားကို မမှောက်ချင်တော့ဘူး။
လက်တစ်ကမ်း လက်တစ်ကမ်း ဖမ်း ဖမ်း ဆုပ်
ချွတ်ချော်မှုက လေအဝေ့တိုင်းမှာ ရောက်လာတယ်။
နောက်ဆုံး နောက်ဆုံးသော အသက်ကယ်ဆေး...
သည်အသက်နှစ်ဆယ် လူငယ်ကို
လမ်းလျှောက်တတ်အောင် သင်ပေးကြပါ။

1st October, 2006

ရုန်း

1 comments
ရှုပ်နေတဲ့ အမှိုက်ထဲမှာ ဝိဉာဉ်တွေပူးကပ်
နှုတ်ယူဖို့ ကြိုးစားတိုင်း ဒူးတစ်ခါ ညွတ်ရတာ
မျက်ရည်ဆိုတာ... အဲ့ဒီမှာ အဓိပ္ပါယ်ရှိုသွားတာပဲ၊
စိတ်ဆိုတာ ကိုရီးယားကား မဖြစ်နိုင်လို့
package တွေ ခွဲထုတ်လို့ မရနိုင်ဘူး။
နာမကျန်း ဖြစ်နေတဲ့ ခြေလှမ်းတွေက
ဖြီးလိမ်းပြင်ဆင်ထားရတဲ့ ကိုယ်ခန္ဓာကို လက်တွဲရတာ
မောရင်လည်း မောလှရောပေါ့၊
နှိုင်းစရာ စကားတောင်မရှိဘူးဆိုတဲ့ဘဝ...
စတေးနေရတဲ့ စရံတွေက အဖိုးအခကြီးလွန်းနေတယ်။

2nd February, 2007

A branch of

1 comments
ခါးဝတ်ပုဆိုးလို မြဲမြံထားသော limit များ
ရှင်းလင်းပြသထားတဲ့ ဗန်းထဲ
စိတ်စွမ်းအားလို့ ခေါ်တဲ့အစိတ်အပိုင်း အချို့လည်း
ကြွကြွရွရွ စီချယ်ပွင့်လန်းနေခဲ့၊
ဇာတ်ဆရာပဲဖြစ်စေ၊ ရထားမောင်းသူပဲ ဖြစ်စေ
နှင်းပန်းအုပ်ရဲ့ ရယ်သံကြားထဲ
ဆံချည်မျှင်သွေးကြောရဲ့ ဖိပ်ဖျားထိ
အိပ်မက် တစ်ပုဒ်လိုပါပဲ
မြူးထူး မြောက်တက်နေဖူးခဲ့။
ဆုန်း... ဆုန်းမှ စလင်သရင် ကျောင်းဆောင်ထွက်ဆုန်း
လက်သည်းခွံတောင်မကျန် ထိုးကိုက်ဖျက်စီးလို့
စိမ့်ပါပျော်ဝင်သွားတဲ့ မစ္စစ္စပီ...
တဂိုးခူးတဲ့ သစ်သီးချင်းထဲလည်း
မျက်ရည်တချို့ ကခုန်နေလေရဲ့။

5th January, 2009


Shapeless crystals

2 comments
အရိုးပေါ် အရည်တင် သီချင်းတစ်ပုဒ်က
တစ်ချပ်ချပ် စည်းဝါးလိုက်
အဲ့ဒီ အလှဖန်တီးရှင်ရဲ့ လက်ရာမြောက်ပုံများ
တောင်တွေကို တစ်ဒေါက်ဒေါက်ခေါက်
တိမ်ညို တိမ်ဝါတွေကိုတောင်
တည်နေရာ ဆွဲသားပိုင်းဖြတ်နိုင်သတဲ့၊
အလျားလိုက်၊ ဒေါင်လိုက်
ဘယ်ရှုထောင့်က ကြည့်မြင်သည်ဖြစ်စေ
ဘောင်ခတ်ကတဲ့ ပုံပြင်အချို့ကလည်း
မျဉ်းဖြောင့် တစ်ကြောင်းကိုပဲ
အတွန့်တွေ အခတ်တွေတပ်
ဟောင်းနွမ်းရိရွဲနေတဲ့ မင်းသားတစ်လက်ကို
ရှေ့ဖြစ်ပဲ ဟောကြားတော့မဲ့ ဒီဇိုင်းနဲ့
ထပ်ကာထပ်ကာ ထုတ်ဝေချင်သတဲ့၊
နေမသာတဲ့ နေ့တွေတုန်းက
လက်ချောင်းတွေကိုတောင်
ခင်းအိပ်ခဲ့ဖူးသေးတာပဲ
ဘာဖြစ်လို့များ..  အခုကျမှ
ရာဇဝင်ဆိုတဲ့ကောင်က
မထီလေးစားနဲ့ မျဉ်းဝင်ပိတ်ချင်နေတာလဲ?

22nd January, 2009


မှော်ဥမင်

0 comments
ခြုံနွယ် ပိတ်ပေါင်းနေတဲ့ တောကြီးမြက်မည်း
တစ်ဖွဖွ တွန်းကန်နေတဲ့ ဖိနပ်တွေလည်း
ပဲ့တင်သံတွေသာ အထပ်ထပ် အက်တက် နေတဲ့ မိုးထဲမှာ
နွမ်းနယ် လေးဖင့်နေလွန်းလို့...
မုန်းတိုင်းရဲ့ သားချော့တေးကိုတောင်
ခလုတ်တိုက်မှ ကြားကြားယောင်နေခဲ့တာ
ဟိုးပြီးခဲ့တဲ့ လမ်းစတွေလည်း တရွတ် တရွတ် ဆွဲ
သွေးသံတစ်ရဲရဲနဲ့ ပွစကျဲနေခဲ။

22nd January, 2009

Blindness

0 comments
ကမ္ဘာဂြိုလ်ရဲ့ ဆက်သွယ်မှု ကွန်ယက်တွေ
ပိတ်ဆို့ ကျဆုံးသွားပေမယ့်
လေညင်းနဲ့ တိုင်ဖုန်း မခွဲတတ်တဲ့
ငှက်တစ်ကောင်လို
ငါပျော်နေတယ်။
ကျမ်းဂန်လာ ရှာစက်ကြီးက
စာတစ်စောင် ပေတစ်လွှာ ဖွဲ့နွဲ့ ထားတဲ့
အတင်း သတင်း တချို့ကို
ခပ်ကျကျ ရနိုင်သလို
ငါ့ကိုယ်ငါလည်း ထင်ယောင်ထင်မှား။
ဘယ်လိုမျိုချထားတဲ့ တံတားမဆို
ဟိုး ဂျူပီတာနဲ့ တံသမန်ခင်းဖို့
တွင်းနက်ထဲက ဆီလီကွန်ကို
မျက်ရည်စတွေ ဖြေရှင်းပေးဖို့ဆိုတာ
ကာလ ဒေသ ပယောဂတွေနဲ့ အတူ
မင်းဝတ်ထားတဲ့ ပိုးစွပ်ကျယ်ဟာလည်း
နည်းနည်းပါးပါးတော့
ကြင်နာသမှုပြုရမယ်။

Valentine, 2009

Crackers

0 comments
မပီမသ ပီကေ တစ်ခုကို အရင်းပြု
နှင်းဆီပန်းအိုးကို အကြိမ်ကြိမ်ထိုးကြိတ်နေမိတယ်။
သူကပြန်မေးတယ် မင်းကွဲကြေပြီလားတဲ့
အဲ့ဒီနောက် သူ့အမျက်သူစီး
စိမ်းစိုတဲ့ ဂျုံခင်းထဲ လွင့်နေလိုက်တယ်။
နက္ခတ်တာရာတို့ရဲ့ ဖမ်းအဆွဲ
ရေချိုးခန်းရေပန်းကနေ
ပစိဖိတ် သမုဒ္ဒရာကြီးလှော်ခတ်လာ
ဘယ်လိုကြီးပဲ ဖြစ်နေနေ
ကြမ်းပြင်ကတော့ ခြောက်သွေ့ ဖုန်တက်နေတဲ့ ပင့်ကူအိမ်။
ငါ့အလွဲနဲ့ ငါ့အသည်း
ဘယ်သူက မလိုတမာဖြစ်မလဲ
သေသေချာချာ တော့ ဂရုစိုက်စေချင်တယ်
သူအလွဲသုံးစားသွားတဲ့
ဉာဏ်ရည်အတွက်
အလျော် အစားတော့ ပေးကိုပေးရမယ်။

4th May, 2010

တောက်တက် တောက်တက် အတွေး

Mar 5, 2013

2 comments
 လဟာပြင်တောထဲမှာ
ခါးသက်သက်သဲမှုန်တွေ
အပြည့်အသိပ်ပေါက်ရောက်နေ
ခိုက်ခိုက်တုန်နေတဲ့ မြပုဝါကို
ဒိုင်တခွက်တစ်လုံးရဲ့ခေါက်တုံ့ ခေါက်ပြန်တွေ
အိပ်ဖန်စောင့်နေ
စတိုင်လ် တစ်ခွဲသားနဲ့
သားရေဦးထုပ် တစ်ဆင်စာကတော့
ကော့တေးတစ်ခွက်ကို ပြန့်ပြန့်ရန့်ရန့် ခင်းနေ
လေပြေရဲ့ ယိမ်းနွဲ့မှုကို
ဟာသလုပ်နေတဲ့
ငါတို့ရဲ့ မိုးပျံလှေကားတွေ
မေမေ့ကို တစ်ကြော်ကြော်ဆာနေတဲ့
မလင်းချင်း မပေါက်မြောက်နိုင်
ဘာသာမပြန်နိုင် ကိုယ်ချင်းမစာနိုင်တဲ့
ရုပ်ပုံကားဆက်ရဲ့ သင်္ကေတတွေကိုတော့
အရိပ်အာဝါသ မခိုလုံစေနေ...

27th Jan, 2009


စက္ကူချိုးမင်းသား

2 comments
ဘယ်တုန်းကမှ သည်လောက်ဒေါသမကြီးခဲ့လို့
ဘယ်တုန်းကမှ ဒီလောက်များများမရေးဖူးခဲ့
အေးခဲသွားပြီဖြစ်တဲ့ ချော်ကျောက်တွေလို
အပြာရောင်အိပ်ရာခင်းကို ဆူပူကြိမ်းမောင်းဖို့တောင်
ငုံးတိတိစိတ်ကို ဆွဲဆန့်လို့မရ
တီဗီ မင်းသားတွေကတော့
ကြိုးစားခဲ့တာ ဒီလိုအဆုံးသတ်ဖို့ မဟုတ်ဘူးတဲ့၊
ပလူတစ်ကောင်အတောင်ခတ်တာတောင် ကြားရတဲ့နောက်
တိတ်ဆိတ်အသက်မဲ့ခြင်းဆိုတာ
ဗိုလ်ရှုသဘင်အတွက် ငါးစိမ်းတန်းတစ်ခုလို
နှင်လိုရာမသွားတဲ့ ငါတို့ရဲ့ မြင်းရထားနဲ့
အိမ်အပြန်လမ်းဆိုတာဟာလည်း
စစ်တလင်းပြင်တွေကိုဖြတ်လို့
ရောက်ပဲ မရောက်တတ်နိုင်ခဲ့။

2nd March, 2009

To Canvas, Skateboard's growning

2 comments
ဝိုင်းဝိုင်း လမ်းလျှောက်တတ်သွားပြီ၊
ကောင်းကောင်းကြီးကို လျှောက်တတ်ပြီ။
ဒါနဲ့ အတူယက်ခဲ့တဲ့
ငြမ်းတွေကိုဖျက်
ဝိုင်းဝိုင်းရှေ့ဆက် သွားလိုသတဲ့။
တစ်ပတ်ရစ် ရင်ငွေ့လေးနဲ့
မဆီမဆိုင် ဒေသက နနွင်းနံ့တွေနဲ့
ပြန်မဝင်ခဲ့ချင်ပါနဲ့ ဝိုင်းဝိုင်းရယ်၊
သည်ဘက်တစ်ခြမ်းမှာကလည်း
ဘုန်းတော်ကြီးလို သိက္ခာတော်လည်းမရ
ပညာရှိလိုလည်း ခေါင်းအေးအေးမတွေးနိုင်
ရူးရူးမိုက်မိုက် ပြေးပေါက်မမှားပါရစေနဲ့၊
အဲ့ဒီ အဲ့ဒီ အကြောင်းတရားတွေကြောင့်ပဲ
ဝိုင်းဝိုင်း ယုယတွယ်တာ ချင်စိတ်တွေ
ကုန်ခမ်းသွားတာ ဖြစ်နိုင်ရဲ့၊
မင်းလမ်းလျှောက်တတ်သွားတဲ့ တစ်နေ့မှာ
သည်ကကောင်က
မှတ်တိုင်တစ်ခု ဖြစ်ကျန်ခဲ့မှာ
ရိပ်စားမိခဲ့တာ
ကြာပါပြီ ဝိုင်းဝိုင်းရယ်၊
ခြေလှမ်းတွေ လုံခြုံပြီ ဆိုမှတော့
အဲဒီ မျက်နှာပြင်ပေါ်က ခရီးရှည်တွေ
မင်း မေ့ တတ် နိုင် ခဲ့ ပြီ ပေါ့ ဝိုင်း ဝိုင်း။

3rd March, 2009

ရိုးရိုးသားသား တီရှပ်တစ်ထည်

Mar 3, 2013

1 comments
ညနေခင်း စားပွဲတွေ
တက်ရာက်လေ့မရှိ
ဘာကမှ ချည်လို့မရလို့
ချည်ထားစရာလည်းမလို
ပန့်ခ်အဆိုတော်မလေးလို
ဖာသိဖာသာပဲ နေပါစေ
စွတ်ရချွတ်ရလွယ်
လက်တွဲလမ်းလျှောက် ဖို့လွယ်
စုံတွဲ လျှိုသွင်းဖို့လည်း
ဈေးသက်သာ
ရံဖန်ရံခါ
ဆိုးဆေးရောင်စုံ
စွန်းညှိနေပေမယ့်
ထော်လော်ကန့်လန့်နိုင်တဲ့
ကုန်တိုက်ကြီးက
မညှာမတာ ဂုတ်သွေးစုပ်ရင်တောင်
သူကတော့
ပင်လယ်မှာဆိုလည်း လှိုင်းစီး
နေဆာလှုံနိုင်တယ်။

5th March, 2009 
စာညွှန်း- http://yinnyein4yoe.blogspot.com/2012/07/blog-post_4783.html

သင်၏ကိုယ်စား ပြောခွင့်ရပုဂ္ဂိုလ်

1 comments
ဆယ်နှစ်တာ အချိန်ဇယားများကြောင့်
သင်၏ နှောင့်နှေးမှုကို သည်းမခံလို
ကျွန်ုပ်သည် ထွက်ခွာရတော့မည်ဖြစ်ပြီး
သင်နှင့် အပေါင်းပါတို့သည် ကျောက်ဆူးကို ဆက်၍သာ ချထားသည်
သင့်ကို တောက်ပခွင့်ပေးလျက်
သင်သည် ကားစင်ကို ဗလာမထား ရန်မူလျက်ရှိသည်
သင်၏ ချုပ်တီးမှုများအတွက် တော်လှန်ရေးအား
ကျွန်ုပ်၏ ရင်တွင်မဖြစ်ပွားစေလို
သင့်အမုန်းတရားများအတွက် ပူလောင်မှုကို
ကျွန်ုပ်ပါးပြင်သို့ မလွှဲပြောင်းစေလို
ထွက်ခွာတော့မည့် ရထားတစ်စင်း၏ နှောင့်နှေးမှုသည်
ရောက်လာလတ္တံ့သော လက်ဆောင်များကို ဂဏာမငြိမ်စေသည်
ကျွန်ုပ်သည် သင့်အား
မကြာခင်ကျောခိုင်းတော့မည့် နွေဦးနှင့်အတူ လိုက်ပါ၍
အပျက်ပျက်နှင့် ကယောက်ကယက် တို့ကို ပွဲသိမ်းစေလိုသည်
ဤအရာသည်
ညွှန်ကြားချက်တစ်ခု၊ အကြံအဉာဏ်တစ်ခု၊ အမိန့်တစ်ခုဖြစ်ပြီး
နောက်ဆုံး ခြိမ်းခြောက်လိုသည်မှာ
ကျွန်ုပ်သည် တံခါးကိုဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လျက်ရှိသည်
အေဂျေခရိုနင်၏ လှုပ်လိလှုပ်လဲ့ ရဲတိုက်ကို
ဖောက်ခွဲဖျက်စီးခဲ့သူသည် ကျွန်ုပ်ပင် ဖြစ်ပြီး
ကျွန်ုပ်၏ နှုတ်ခမ်းတွင် သကာနှင့် အတူ တမာကိုပါ
သင့်အားပြုံးပြနှုတ်ဆက်ရန် တပ်ဆင်ထားပြီး
ရွေးချယ်မှု ပြုချင်းသည် သင်၏အခွင့်အရေးသာဖြစ်သည်။
ကျွန်ုပ်၏ မုန်တိုင်းကာလများ
ပြီးဆုံးသွားခဲ့ပြီ။

31st March, 2010

လက်ဆွဲဆောင်ပုဒ်

Mar 1, 2013

1 comments
သိပ်ပြဇာတ် မဆန် နဲ့ကလေး
မင်းမြင်ရမှာတွေက
ပွဲတိုးကောင်းတဲ့ သီရေသာတွေချည်း မဟုတ်ဘူး၊
စိတ်ရဲ့ မလုံခြုံမှုကို
အသစ် အသစ် တွေနောက် လိုက်စားရင်း
မပြသမိစေနဲ့ကလေး
ရုန့်ရင့်ကြမ်းတမ်း ဆဲဆို ခံရမယ်၊
သနားကြင်နာခြင်းဟာ
သူ့ဟာသူ လိပ်ပတ်လည်ပါစေ
မဟုတ်ရင် ရာသီ တစ်ခွင်လုံး
တစ်ဆတ်ဆတ်ခါ နာကျင်သွားရလိမ့်မယ်ကလေး၊
သေသေသပ်သပ် ထုပ်ပိုးပါ
မြက်တောမှာ ကပ် နေတဲ့ပန်းတွေကို
သွားသွား မနမ်းချင်ပါနဲ့ ကလေး
နှုတ်ခမ်းသားတွေသာ ပူလောင်သွားလိမ့်မယ်၊
လမ်းကြောပိတ်ဆို့ နေတဲ့ ရထားလုံးကို တွေ့တဲ့အခါ
ငွေ့ရည်ဖွဲ့ ရောက်ရှိလာတဲ့ ဒဏ်ရာတွေကို
ပြီးစလွယ်မပျောက်ကင်းစေနဲ့
ကလေး... မင်းရဲ့ ခွာကို ခိုင်အောင်ရိုက်ပါ။

10th November, 2009

My yell

1 comments
ငါမင်းကို အကျယ်ကြီးအော်ပြောချင်နေတာ မင်းသိလား
decibel အမြင့်ဆုံးနဲ့ ဖွင့်ထားတဲ့ speaker တစ်ခုလို ငါအ်ာချင်နေတာ
ဆူညံမှုနဲ့ ရင်ခွဲစစ်ဆေးခံရမယ့် ပုစဉ်းရင်ကွဲလို ငါအော်ပြောချင်နေတာ
သိမ်းဆည်းခြင်းတွေနဲ့ ငါ့အခန်းက မှိုတက်နေလို့ အခုတော့ ငါ ဖွင့်ထုတ်ပြောတော့မယ်
မင်းသိလား ထိပ်တန်းလုံခြုံရေး စနစ်တပ်ဆင်ပြီး ငါပြေးခဲ့တာ
မိုင်တစ်ရာဆိုလည်းဟုတ် မိုင်တစ်ထောင် ဆိုလည်းဟုတ်
ဒီတော့ ငါ ဆက်မရွေ့ချင်တော့ဘူး
ငါ့လည်ချောင်းတွေ ပူလောင် ခြောက်ကပ်အောင်ပဲ မင်းကြိုးတွေက
တင်းတဲ့အခါတင်း လျော့တဲ့အခါလျော့  ဘယ်တော့မှ အစီအစဉ်မကျ
ဒီတော့ ငါ မင်းကို အသံကုန်ခြစ်ပြီးအော်ပြောရုံ အပြင် မရှိတော့ဘူး
ဒီနေ့က စပြီး
ငါ မင်းကို ပြောပြတော့မယ်
အကျယ်ဆုံးသော အပွင့်နိုင်ဆုံး အသံနဲ့ ငါအော်ပြောမယ်
ငါ တကယ်ပြောတော့မှာမို့
မင်းရဲ့ နားစည်တွေကို ကြိုတင် အကြောင်းကြားစေချင်တယ်
ငါ့ရဲ့ လွှင်းထုတ်လိုက်တော့မယ့် အသံလှိုင်းတွေက
အာရုံကြောတွေကို ဖြတ် မင်းနှလုံးသားဆီ ပူပူနွေးနွေး ရောက်လာတော့မှာမို့
မင်းကို စောင့်နေစေချင်တယ်။

12th May, 2010


About me

mypersonalspace
View my complete profile

Comment