ရှုပ်နေတဲ့ အမှိုက်ထဲမှာ ဝိဉာဉ်တွေပူးကပ်
နှုတ်ယူဖို့ ကြိုးစားတိုင်း ဒူးတစ်ခါ ညွတ်ရတာ
မျက်ရည်ဆိုတာ... အဲ့ဒီမှာ အဓိပ္ပါယ်ရှိုသွားတာပဲ၊
စိတ်ဆိုတာ ကိုရီးယားကား မဖြစ်နိုင်လို့
package တွေ ခွဲထုတ်လို့ မရနိုင်ဘူး။
နာမကျန်း ဖြစ်နေတဲ့ ခြေလှမ်းတွေက
ဖြီးလိမ်းပြင်ဆင်ထားရတဲ့ ကိုယ်ခန္ဓာကို လက်တွဲရတာ
မောရင်လည်း မောလှရောပေါ့၊
နှိုင်းစရာ စကားတောင်မရှိဘူးဆိုတဲ့ဘဝ...
စတေးနေရတဲ့ စရံတွေက အဖိုးအခကြီးလွန်းနေတယ်။
2nd February, 2007


1 comments:
ကဗျာလက်ရာက တကယ့် ပရော်ဖက်ရှင်နယ်လက်ပဲ။ သင်ပေးဦးရေးနည်းလေးဘာလေး
Post a Comment