သိပ်ပြဇာတ် မဆန် နဲ့ကလေး
မင်းမြင်ရမှာတွေက
ပွဲတိုးကောင်းတဲ့ သီရေသာတွေချည်း မဟုတ်ဘူး၊
စိတ်ရဲ့ မလုံခြုံမှုကို
အသစ် အသစ် တွေနောက် လိုက်စားရင်း
မပြသမိစေနဲ့ကလေး
ရုန့်ရင့်ကြမ်းတမ်း ဆဲဆို ခံရမယ်၊
သနားကြင်နာခြင်းဟာ
သူ့ဟာသူ လိပ်ပတ်လည်ပါစေ
မဟုတ်ရင် ရာသီ တစ်ခွင်လုံး
တစ်ဆတ်ဆတ်ခါ နာကျင်သွားရလိမ့်မယ်ကလေး၊
သေသေသပ်သပ် ထုပ်ပိုးပါ
မြက်တောမှာ ကပ် နေတဲ့ပန်းတွေကို
သွားသွား မနမ်းချင်ပါနဲ့ ကလေး
နှုတ်ခမ်းသားတွေသာ ပူလောင်သွားလိမ့်မယ်၊
လမ်းကြောပိတ်ဆို့ နေတဲ့ ရထားလုံးကို တွေ့တဲ့အခါ
ငွေ့ရည်ဖွဲ့ ရောက်ရှိလာတဲ့ ဒဏ်ရာတွေကို
ပြီးစလွယ်မပျောက်ကင်းစေနဲ့
ကလေး... မင်းရဲ့ ခွာကို ခိုင်အောင်ရိုက်ပါ။
10th November, 2009
ဒီဇင်ဘာ မိုး
1 year ago


1 comments:
မင်းခိုက်စိုးစန်ရဲ့ အရေးအသားနဲ့ တော်တော်တူတယ်။ အဲလိုရေးတတ်ချင်တယ်ကွယ်။
Post a Comment