Waiting

Feb 15, 2013

နွမ်းဖတ်ဖတ် စာရွက်တွေရဲ့ အနံ့တွေ
တလူးလူး တဖျတ်ဖျတ်
ဖက်ရမ်း ရှုရှိုက်ရင်း မင်းကို သတိရနေမိတယ်
ဝိုးတ၀ါး အရပ်က ၀ိုးတ၀ါးပုံရိပ်တွေရဲ့
ဝိုးတ၀ါး အပြုံးတွေကို မျက်လုံး ထောင့်စွန်းရဲ့
ဝိုးတ၀ါး မြင်ကွင်းကနေ ပြန်မြင်ယောင်မိတိုင်း
မင်းအဆင်ပြေရဲ့လား လို့ တွေးမိပါရဲ့။

လှိုက်လှိုက်မောမော တုန်တုန် လှုပ်လှုပ်နဲ့
ခရေပန်းတွေရဲ့ ကြားမှာ
ရွှံတွေဗွက်တွေရဲ့ ကြားမှာ
လိပ်ပြာတွေရဲ့ ကြားမှာ
ပြာတောက်တောက် ကောင်းကင်
စိမ်းမှောင်မှောင် မြစ်တစ်ခု
နီရဲရဲ မီးလင်းဖိုနဲ့
မှိုန်ဖျော့ဖျော့ နှင်းမှုန်တွေက
ဆယ့်ငါး အထိ မရောက်သေးပေမယ့်
စာမျက်နှာ အချို့ကိုတော့
ပိတ်ပင် ရပ်တန့် သွားစေခဲ့
ဘာပဲဖြစ်ဖြစ် မင်းနဲ့ ပတ်သက်ပြီး
ငါကြောက်ခဲ့ရတဲ့ ညတွေအကြောင်း
ငါနဲ့ ပတ်သက်ပြီး
မင်းဒုက္ခရောက်ခဲ့ရတဲ့ နှစ်တွေ အကြောင်း
သည်ထက် ပိုပြီး ရေးဖွဲ့နိုင်ချင်ပါတယ်။
chorus ပြီးသွားပေမယ့်
lyrics မဆုံးသေးတဲ့
ငါတို့ရဲ့ တေးသွားတွေမှာ
တစ်ကွေ့ တစ်ချိုးရဲ့ တစ်ထောင့် တစ်နေရာမှာ
ဘာက ဘာဆိုတာ တိတိကျကျ နားမလည်ရင်တောင်
သည်ထက်ပိုလှတဲ့ အပြုံးတွေနဲ့ ပြန်ဆုံတွေ့ချင်ပါတယ်။

22nd July, 2010 

1 comments:

Yoemyaykya said...

အမလေး ဖတ်နေရင်းနဲ့ ကြက်သီးထတယ်။
ဘာပဲဖြစ်ဖြစ် မင်းနဲ့ ပတ်သက်ပြီး
ငါကြောက်ခဲ့ရတဲ့ ညတွေအကြောင်း
ငါနဲ့ ပတ်သက်ပြီး
မင်းဒုက္ခရောက်ခဲ့ရတဲ့ နှစ်တွေ အကြောင်း
သည်ထက် ပိုပြီး ရေးဖွဲ့နိုင်ချင်ပါတယ်။
လိုက်မမီတော့ဘူး အရေးအသားတွေက

Post a Comment

About me

mypersonalspace
View my complete profile

Comment