ဒီနေ့ ဘာနေ့ဖြစ်ဖြစ် အရေးမပါဘူး။
အနီရောင်မိုးတိမ်ရဲ့ အမှောင်ခန်းထဲမှာ မငိုခဲ့ဘူးလို့ ဝန်မခံဘူး။ ငါ့ဟာငါ
အပြုံးတွေတပ် အရှုံးတွေထပ်တဲ့ နာရီတိုင်းမှာ သတ္တိမဲ့နေခဲ့တာ ငါမဟုတ်ချင်ဘူး။
ငါ အညိုရောင်မျက်မှန်ရဲ့ အနောက်မှာ အားတင်းနိုင်ခဲ့ရင် နှုတ်ဆက်ဖို့
မေ့မှာမဟုတ်ဘူး။ တာဝန်ဆိုတာ ပျက်ကွက်ဖို့ မဟုတ်ဘူး။ ချိနဲ့တဲ့စိတ်နဲ့
ထွက်ပြေးချင်စိတ် ဖြစ်ခဲ့တာ ငါမဟုတ်ဘူး ဆာလောင်မှုရဲ့
ဖြည့်ဆည်းမစွမ်းချင်တဲ့ ကိုယ့်အညှိုးအတေးနဲ့ကိုယ် ရင်တွေတလှပ်လှပ် တုန်နေတာ
ကျစိမ့်တစါခုတည်းကြောင့်လို့ ယုံကြည်ချင်ပြီး ခြုံရုံထားတဲ့ အဲဒီ
အဝတ်အစားအတိုင်း အခန်းအောင်းမိတာ ငါမဖြစ်ချင်ဘူး။ စိတ်ကိုတင်း အရှုပ်က်ု
ရှင်းရင်းမှ ကိုယ့်ဗဟီရကိုယ် သတိရတဲ့ အကျင့်မျိုးနဲ့ ငါမဖြစ်ချင်ဘူး။
1st December, 2005
ဒီဇင်ဘာ မိုး
1 year ago


0 comments:
Post a Comment