အလွမ်းဆိုတာ ဖြေသိမ့်လို့မရတဲ့ ဒဏ်ရာဖြစ်တယ်

Oct 2, 2019

0 comments
အလွမ်းဆိုတာ ဖြေသိမ့်လို့မရတဲ့ ဒဏ်ရာဖြစ်တယ်
ကောင်းကင်ကြီးကို ခေါက်ချိုးချိုးပြီး ဟိုဘက်ထိပ် ဒီဘက်ထိပ်
တိုင်းဆလို့ရခဲ့သည့်တိုင်အောင်မှ
မမြင်အပ်တဲ့နေရာ ပုန်းကွယ်ထားရမယ့် မျှော်လင့်ချက်ဆိုတာ 
မသိဆိုးရွား တဖျတ်ဖျတ်လူးနေတဲ့ မိုက်မဲမှုက
အဝီဇိကို အလည်အပတ်ထွက်မယ့် လက်မှတ်တွေ ရစေမယ့် စိတ်ကူးတွေနဲ့
အားနည်းချက်တွေနဲ့ချည်း တည်ဆောက်ထားတဲ့ ဘဝမှာ
မှားတယ် မှားတယ် မှားတယ်...
ဒီရင်ဘတ်ကိုထိစေတဲ့ ခံစားချက်တွေနဲ့ ပတ်သက်ရင် ငါက အစဉ်အလာမပျက်မှားခဲ့တယ်
ပြင်ရင်းနဲ့လည်းမှားတယ် မှားမှန်း သိလျက်နဲ့လည်း မှားတယ်
မမှားချင်ဘူးလို့ ရေရွတ်နေရင်းနဲ့လည်း မှားတယ်
ရင့်နင့်နေအောင် ရှုံးမယ့် ကျရှုံးမှုမှန်းသိလျက်နဲ့လည်း ဆက်မှားတယ်
တန်ပါတယ် အစွန်အဖျားအနားကယိုစိမ့်လာတဲ့ အကြည့်လေးတစ်ချက်ဆိုရင်တောင်
တန်ပါတယ် အိပ်မက်တွေနဲ့ ဝေ့ဝဲလို့ ငါ့မှာရုံးမထွက်နိုင်လောက်အောင် ရူးရအောင် ကို တန်ပါတယ်
တစ်နေ့တာမှာ ဒီပုံရိပ်ချည်းထပ်ခါထပ်ခါ ပြကွက်ထွက် တဲ့ မှတ်ဉာဏ်ဟာလည်း မာန်နတ်ကို သတ်ဖို့ရာ အားမတန်နေတုန်းပါပဲကွယ်

2 Oct 2019
1:13 PM SGT

About me

mypersonalspace
View my complete profile

Comment