မနက်အိပ်ရာကထ၊ သွားရမယ်
မျက်နှာသစ်၊ ကိုယ်လက်သန့်စင်၊ ရှပ်အင်္ကျီကိုလျှို၊ ကြယ်သီးတွေတပ်
အိပ်ကပ်ကို စမ်းမိတော့ ခပ်ပြားပြား ခပ်ပါးပါး
ကိစ္စမရှိဘူး၊ ခေါင်းကိုဖြီး၊ လက်ဖက်ရည်ဆိုင်ရောက်ရင်
ပြန်ပြည့်လာမှာ၊ ဖောင်းဖောင်းကြီးကို ပြည့်လာမှာ။
အပြာရောင်ကို မြင်ချင်ရင် ကောင်းကင်ကိုသာမော့ကြည့်
အားလုံးတွေ့လိုတဲ့ တောက်ပမှု ဂျင်းတွေမှာ မရှိ
အမှတ်မှားတာ မဟုတ်ဘူး၊ တကယ်တော့ အမှန်ကြီးပါ
မယုံသေးရင် မျက်လုံးချင်းဆိုင် စူးစိုက်ကြည့်လိုက်။
Well, alright. အတွေးထည်ကြီး ရောင်းစွံပြီလား
အပြန်လမ်းမှာ ကျောပိုးအိတ်ကို စစ်ကြည့်
ဘယ်ဓါးရာမှ မပါပေမယ့် ရှုပ်ရှုပ်ထွေးထွေး ခြစ်ရာတွေသာကျန်ခဲ့
သေသေချာချာစစ်၊ ဘာမဆိုဖြစ်နိုင်ပေမယ့် cheque တွေတော့မပါဘူး။
ညနေ အိမ်ပြန်ရောက်ပြီ၊ ပိုက်ဆံအိတ်ခေါက်ကိုထုတ်
ဘာမှသံသယ ဖြစ်စရာမလို၊ တစ်ခွေခွေ တစ်ပေပေ
ကောင်းပြီ၊ ထိုင်တော့မယ်၊ CD player ကိုဖွင့်
Simple plan ကို နားထောင်၊ point 5 တစ်ချောင်းကိုကိုင်
အဲ့ဒီ စာမျက်နှာတွေက အကောင်းဆုံးသော အိပ်စက်ခြင်း။
16th May, 2010
ဒီဇင်ဘာ မိုး
1 year ago


0 comments:
Post a Comment