ဝတ္ထုတစ်ပုဒ်

Feb 15, 2013

ဒါဟာ ၀တ္ထုတစ်ပုဒ်ပါ။
ရှေးဆန်ပေမယ့် ခေတ်အဆက်ဆက်တိုင်းမှာ ဂန္တ၀င် မြောက်တဲ့ ၀တ္ထုပါ။
ဒါလွမ်းမောဖွယ်ရာ ၀တ္ထုပါ၊ ဒါချိုမြိန်ဖွယ်ရာ ၀တ္ထုပါ။
ဘယ်သူက ဖတ်သည် ဖြစ်စေ၊ ဘယ်သူက မဖတ်သည် ဖြစ်စေ
ဘယ်သူက ပုံနှိပ်သည်ဖြစ်စေ၊ ဘယ်သူက ထုတ်ဝေသည်ဖြစ်စေ
ဘယ်သူက ဒီဇိုင်း ဆွဲသည် ဖြစ်စေ၊ ဘယ်သူက ရိုက်ကူးသည် ဖြစ်စေ
ဘယ်သူတွေက သရုပ်ဆောင် သည်ဖြစ်စေ၊ ဘယ်သူက ရေးဖွဲ့သည် ဖြစ်စေ
ဒါကတော့ ၀တ္ထု တစ်ပုဒ်ပါ။


ဒါကြည်နူးဖွယ်ရာ ၀တ္ထုပါ၊ ဒါ မြတ်နိုးဖွယ်ရာ ၀တ္ထုပါ
ဒါချစ်ကြိုက် ကွဲညားဝတ္ထုပါ၊ ဒါမုန်းတီး စက်စုပ်ဖွယ်ရာ ၀တ္ထုပါ။
ဘယ်သူ့ကိုကြည့်ပြီး ရေးသည်ဖြစ်စေ၊ ဘယ်သူ့ကို မြင်ပြီး ရေးသည် ဖြစ်စေ
ဘယ်သူ့ကို အတုယူပြီး ရေးသည်ဖြစ်စေ၊ ဘယ်သူ့ကို နားထောင်ပြီးရေးသည်ဖြစ်စေ
ဘယ်သူ့ကိုယ်တွေ့ကို ရေးသည်ဖြစ်စေ၊ ဘယ်သူ့စာတွေ့ကို ရေးသည်ဖြစ်စေ
ဘယ်သူ့ကို ဘက်လိုက်သည်ဖြစ်စေ၊ ဘယ်သူ့ကို သတ်လိုက်သည်ဖြစ်စေ
ဒါဟာ ၀တ္ထု တစ်ပုဒ်ပါ။
ဒါသည်းထိတ်ရင်ဖိုဝတ္ထုပါ၊ ဒါစုံထောက်ဝတ္ထုပါ
ဒါရာဇ၀င်ဝတ္ထုပါ၊ ဒါအပျော်ဖတ် ၀တ္ထုပါ
ဒါစံပြ၀တ္ထုပါ၊ ဒါသွေးထွက်သံယိုဝတ္ထုပါ။
ရှိတ်စပီးယားရေးသလို၊ ချားစ်ဒစ်ကင်း ရေးသလို
လီယိုတော်စတွိုင်း ရေးသလို၊ လီယွန်ဦးရစ် ရေးသလို
မြသန်းတင့် ရေးသလို၊ ဂျာနယ်ကျော်မမလေး ရေးသလို
သစ္စာနီ ရေးသလို၊ မင်းလူရေးသလို
ဒါဟာလည်း ၀တ္ထုတစ်ပုဒ်ပါ။
ဒါ ဟောင်းနေတဲ့ စာမျက်နှာထဲက နေထွက် နေ၀င်ဆိုပေမယ့်
မရိုးနိုင်တဲ့ အကြောင်းအရာ တို့ရဲ့ ၀တ္ထုပါ။
ဒါဟာ ၀တ္ထု တစ်ပုဒ်ပါ။
ဒါစိတ်ကူးယဉ်ကြောမှာ မျောနေတဲ့
ကိုယ်တိုင်ရေး အထ္တုပ္ပတိ ၀တ္ထုပါ။
ဘယ်သူတွေက ဘာပြောပြော
ဒါကတော့ အသေအချာကို ၀တ္ထုတစ်ပုဒ်ပါ။

29th May,2010 

1 comments:

Yoemyaykya said...

ဝတ္ထုဆိုတာသေချာနေတဲ့ ကဗျာလေးဖတ်သွားတယ်။ သူများဆိုဒ်တွေလဲ သွားလည်ဦး။ နောက်ရက်မှ မမဘလော့ကနေ ညီမလေး ဘလော့ကို မိတ်ဆက်ပေးမယ်။

Post a Comment

About me

mypersonalspace
View my complete profile

Comment