အရိုးပေါ် အရည်တင် သီချင်းတစ်ပုဒ်က
တစ်ချပ်ချပ် စည်းဝါးလိုက်
အဲ့ဒီ အလှဖန်တီးရှင်ရဲ့ လက်ရာမြောက်ပုံများ
တောင်တွေကို တစ်ဒေါက်ဒေါက်ခေါက်
တိမ်ညို တိမ်ဝါတွေကိုတောင်
တည်နေရာ ဆွဲသားပိုင်းဖြတ်နိုင်သတဲ့၊
အလျားလိုက်၊ ဒေါင်လိုက်
ဘယ်ရှုထောင့်က ကြည့်မြင်သည်ဖြစ်စေ
ဘောင်ခတ်ကတဲ့ ပုံပြင်အချို့ကလည်း
မျဉ်းဖြောင့် တစ်ကြောင်းကိုပဲ
အတွန့်တွေ အခတ်တွေတပ်
ဟောင်းနွမ်းရိရွဲနေတဲ့ မင်းသားတစ်လက်ကို
ရှေ့ဖြစ်ပဲ ဟောကြားတော့မဲ့ ဒီဇိုင်းနဲ့
ထပ်ကာထပ်ကာ ထုတ်ဝေချင်သတဲ့၊
နေမသာတဲ့ နေ့တွေတုန်းက
လက်ချောင်းတွေကိုတောင်
ခင်းအိပ်ခဲ့ဖူးသေးတာပဲ
ဘာဖြစ်လို့များ.. အခုကျမှ
ရာဇဝင်ဆိုတဲ့ကောင်က
မထီလေးစားနဲ့ မျဉ်းဝင်ပိတ်ချင်နေတာလဲ?
22nd January, 2009
ဆုံမှတ်မရှိသော
11 months ago
2 comments:
နေမသာတဲ့ နေ့တွေတုန်းက
လက်ချောင်းတွေကိုတောင်
ခင်းအိပ်ခဲ့ဖူးသေးတာပဲ
ဘာဖြစ်လို့များ.. အခုကျမှ
ရာဇဝင်ဆိုတဲ့ကောင်က
မထီလေးစားနဲ့ မျဉ်းဝင်ပိတ်ချင်နေတာလဲ?
အရေးအသားတွေက တကယ်မိုက်တယ်။ ခုရောလက်ရည်အဲလောက်ကောင်းသေးလား။ရေးကြည့်ပြီးပြီလား
နေမသာတဲ့ နေ့တွေတုန်းက
လက်ချောင်းတွေကိုတောင်
ခင်းအိပ်ခဲ့ဖူးသေးတာပဲ
ဘာဖြစ်လို့များ.. အခုကျမှ
ရာဇဝင်ဆိုတဲ့ကောင်က
မထီလေးစားနဲ့ မျဉ်းဝင်ပိတ်ချင်နေတာလဲ?
အခုရော ဒီလိုလက်ရည်မျိုးနဲ့ စာရေးနိုင်ရဲ့လား။ တကယ်မိတယ်စာသားတွေက
Post a Comment