မုန်တိုင်းလို လှိုင်းလို ကြမ်းလည်း ထန်လည်း
ဝါးထိုးကူတဲ့သူတွေပဲ ပေါခဲ့တယ်။
မျက်ရည်မကျဘူး မပြောလိုဘူး
အပြုံးမပျက်ဘူး မာန်မတက်လိုဘူး
ကပ်လျက်လိုက်လာတဲ့ မိုးရေတွေအောက်
ဒိုက်သရောတွေကြား မျောတဲ့အခါမျော
မချိုးကွေ့ချင်တဲ့ မြစ်ကျိုးအင်းနဲ့လည်းတွေ့
ကျောချင်းလည်း ကပ်ခဲ့ရ၊ လက်ချင်းလည်း ယှက်ခဲ့ရ။
ဆိပ်ကမ်းရဲ့ ဥသြသံတွေပြောင်းတိုင်း
နာရီသံပတ်ကို လက်ညှိုးထိုး အမောစို့
ဒါပေမယ့်လည်း
ကိုယ်ထဲက သွေးဥတွေ တစ်ရောင်တည်း နီနေသမျှ
တိမ်မည်းတွေတိုင်းမှာ ငွေရောင်အနားကွပ်ရှိတယ်။
16th March, 2013 (9:54 PM)


3 comments:
ဒီကဗျာလေးက အဓိပ္ပါယ်တွေအများကြီးရှိတယ်။ ကြိုက်တယ်။။။။။။။။။။။။
ဒီကဗျာလေးက ကြက်သီးထအောင် ခံစားရတယ်။ စာလုံးတွေ လှတယ်။
သေချာတယ် လက်ရည်လုံးဝမကျဘူး။
လောကဓံကို ရင်ဆိုင်ခြင်းပေါ့။
အောက်ကစာသား "ကိုယ်ထဲက သွေးဥတွေ တစ်ရောင်တည်း နီနေသမျှ
တိမ်မည်းတွေတိုင်းမှာ ငွေရောင်အနားကွပ်ရှိတယ်။" အရမ်းခိုက်မိတယ်။
Post a Comment