Wall

Jul 17, 2013

2 comments

ဒါတွေဟာ သူ့ရဲ့ကိုယ်ပိုင် အဆောင်အယောင်
ဒါကြောင့်သူဂုဏ်ယူတယ်
ဒါတွေဟာ သူကိုယ်တိုင် ထုလုပ်ထားတဲ့ အရည်အချင်းတွေဖြစ်တယ်
ဒါကြောင့် သူချွန်တက်နေတယ်
ပြီးရင် ဒါတွေကကော ဘာထူးသေးလဲ
သူမယိုင်လဲခဲ့တဲ့ သက်သေအချို့
ဒါကြောင့် သူဇွဲကြီးတယ်
ဒီမှာကြည့်ပါလား
ဒါသူ့ရဲ့ master-piece ပဲ
ဒီိလိုနဲ့ သူသိပ်တော်လာတယ်
ဒီလိုဆိုရင်ကော ဘာပြောမလဲ
သူဟာသိပ်ကို ဝေဖန်ပိုင်းခြားကောင်းတဲ့အတွက်
သူ့အရုပ်ပုံတွေထဲမှာ သူဝတ္ထုရေးနေတယ်
သူဟာတကယ်ကို သူမတူတဲ့ ပုဂ္ဂိုလ်
ဒါကြောင့် သူကလိုချင်တာကို
ဆွဲချလိုက်တဲ့ တရားသူကြီးဖြစ်တယ်
သူ့ကို နောက်ထပ်ရှာလို့ တွေ့ဖို့ခက်တယ်
တွေ့ခဲ့ရင်လည်း လောကွတ်ပြုဖို့ခက်မယ်
ဘာလို့လဲဆိုတော့
သူဟာ သိပ်အကိုင်းအရှိုင်းလွန်နေတဲ့
ကိုယ်တိုင်ဘာသာရေးတစ်ယောက်ဖြစ်တယ်။

26th February, 2009 (12:30 AM)

About me

mypersonalspace
View my complete profile

Comment