Childhood

Feb 23, 2013

ဖန်ချောင်း၊ နီယွန်၊ မာကျူရီ၊ ရေနံဆီတွေနဲ့
မှော်ပညာရှင်ရဲ့ နှလုံးခုန်သံတွေ
တစ်လွင့်လွင့် တုန်လှုပ်သွား...
ပန်းအဝင် ခိုနွဲ့လိုက်တဲ့
ခါတော်မှီ အိမ်အပြန်လမ်းက
ရှိရှိသမျှ သီချင်းတွေ ဆိုညည်းသွား...
သခွတ်ပွင့်၊ အင်ကြင်းပွင့်၊ တစ်သံထွက်ချောင်း
အရိုးနုဆွဲကြိုး၊ ရွက်ခြောက်ပင်တွေနဲ့
ငါမင်းကို အရမ်းလွမ်းတယ်နွေ...

20th February, 2009

2 comments:

Yoemyaykya said...

နွေကို လွမ်းတာ ဟုတ်လို့လားဟယ်။ ဟုတ်ရဲ့လားဟယ်။

mypersonalspace said...

အဲ့ဒီမှာ နေခဲ့ရတဲ့ မိသားစုဘဝလေးကိုလွမ်းတာပါ

Post a Comment

About me

mypersonalspace
View my complete profile

Comment