911

Feb 13, 2013


ပြတင်းပေါက် တွေစောင်းကုန်ပြီ
ကုလားထိုင်တွေလည်း တုံးလုံးပက်လက်
ကြွေဇလုံထဲက ရေတွေ ခန်းလုံးပြည့်နေပြီ
ရေမှုန်ရေမွှားတွေ ပါးပြင်ကို ထိခတ်နေပြီ
ဝရံတာတွေ ကျွမ်းထိုး မှောက်ခုံနဲ့
ကားတွေ ဘရိတ်မမိတော့ဘူး
အဆောက်အဦးတွေ ခေါင်းပြတ်
နောက်တော့ အစိတ်စိတ်ကွဲသွား
မြေဆိုတာ မရှိတော့ဘူး
အားလုံး လဟာပြင်မှာ လှုပ်လှုပ် ခတ်ခတ်နဲ့
ကောင်းကင်ဆိုတာ ဟိုဘက်ခေတ်မှာ ကျန်ခဲ့ပြီ
လုပ်ပါဦး! မြန်မြန်!
ကမ္ဘာမြေမှာ ဆွဲအား မရှိတော့ဘူး...

10th April, 2009

1 comments:

Yoemyaykya said...

ကမ္ဘာမြေမှာ ဆွဲအားတော့ရှိသေးတယ်။ အသီးတွေကြွေကျနေကြသေးတယ်ညီမလေး။

Post a Comment

About me

mypersonalspace
View my complete profile

Comment