လိုတိုးပိုလျှော့ မျှခြေ

Mar 16, 2013

အထပ်ထပ်အခါခါ သိပ်ခဲထားတဲ့
အတေးအမှတ်လေးတွေက
ငါ့ရင်ခွင်ထဲ သောင်လာဖို့တယ်
စီဖို့ စဉ်ဖို့ ထပ်လိုက် ဆင့်လိုက်တိုင်း
နောက်ကျော မလုံတဲ့ ငါတို့ရဲ့ သံယောဇဉ် အတွက်
အဘိဓာန်တစ်အုပ်လောက် ပြဌာန်းချင်တယ်
ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးပြီး
ငါ့ရဲ့ chamber တွေကို မင်းဘာသာပြန်တတ်မလား။
မဟာဂရုဏာရှင်တို့ရဲ့ မေတ္တာတော်တွေ
ဝဋ်ကြွေးကြီးတဲ့ ငါတို့ ချစ်ခြင်းအပေါ်
အသနား အကြင်နာ စွန့်ကြဲဖို့
မျက်နှာစာအသစ် ဖောင်တိန်အသစ်နဲ့
စင်ရော်တစ်ကောင် အတောင်တွေဖြန့်တဲ့နောက်
တစ်ကြောင်းပဲရှိရှိ နှစ်ကြောင်းပဲရှိရှိ
ကဗျာတစ်ပုဒ်လောက် ရေးချင်တယ်။

13th March, 2013 (3:00 PM)

2 comments:

Yoemyaykya said...

တစ်ကြောင်းလဲ မကဘူး။ နှစ်ကြောင်းလဲ မကဘူး။
ရေကြည့်တာတော့ (၁၅) ကြောင်းရှိတယ်။ လက်ရေလုံးဝမကျဘူး။ ဆက်လျှောက်ရဲဘော်။ ဒါနဲ့ သံယောဇဉ်က ဘာ့ကြောင့်နောက်ကျောမလုံရတာလဲ။

စံပယ်ချို said...

အထပ်ထပ်အခါခါ သိပ်ခဲထားတဲ့
အတေးအမှတ်လေးတွေက
ငါ့ရင်ခွင်ထဲ သောင်လာဖို့တယ်
ခံစားချက်တွေတူလိုက်တာ ဂယ်ပြောတာ

Post a Comment

About me

mypersonalspace
View my complete profile

Comment