သင်္ကြန်

Apr 8, 2013

ကျန်ခဲ့ပြီ
နှစ်အပုပ်အသိုးနဲ့
နွမ်းညစ်ညစ်အတွေးတွေ။
ဟန်ဆောင်သွေးတွေ
မဏ္ဍပ်ရှေ့မှာ ခွာချထားခဲ့ပြီ။
ရေပတ်ခံမယ့်သူတွေအတွက်
ရေလောင်းမယ့်သူရှိတယ်၊
က ချင်တဲ့သူတွေအတွက်
ဆိုမယ့်သူရှိတယ်၊
ချမ်းတဲ့သူတွေအတွက်
ဖက်ထားမယ့်သူရှိတယ်။
ပြည့်ကျပ်နေတဲ့ အကွက်အကွင်း
lever ကိုလျှော့ပါ၊
လုံခြုံရေးတွေ မမြင်မိတဲ့
ကဆုန်ပေါက်တဲ့ ဆိုင်ကယ်တွေရှိတယ်၊
လမ်းမှာပိတ်ရပ်ရင်
နည်းနည်း သည်းခံပါ၊
'သင်္ကြန်မို့ပါဗျာ'...
အထူးပြင်ဆင်ထားတဲ့
ငါတို့ရဲ့  စက်ကလေးနဲ့
ဖွင့်ထားတဲ့ exhaust ရဲ့ အသံ
သည်ရက်အတွင်းတော့
အာပြဲဦးမှာပဲ...
ဧရာဝတီမြစ်ထဲကရေ
အရမ်းအေးပါတယ်...
တွင်းထဲကရေ
အလျင်မီအောင် မဆုပ်နိုင်ဘူး။
အသေကဲလို့ ချမ်းလွန်းမှတော့
ကော်ဖီလည်းမတိုးတော့ဘူး...
မြို့ရဲ့ တချို့ဒေသ
ငြိမ်သက်လွန်းတယ်
အတာရဲ့ အနံ့အသက်
မဖြန့်ကျက်နိုင်ဘူး။
ထွက်ခဲ့ကြပါ...
သဘောထားကြီးကြီးနဲ့
ရိုးရာရဲ့ ဓလေ့တစ်ခုကို
အတွေ့အမြင်သစ် ယူလိုက်စမ်းပါ။
ဒါ ငါတို့ရဲ့
စိတ်နဲ့ ကိုယ်ကို  အရေသစ်လဲမယ့်
နှစ်ဆန်းကာလလေ..
'မင်္ဂလာနှစ်သစ်ပါ'

16th April, 2006




2 comments:

Yoemyaykya said...

ဘုရား ဘုရား ချမ်းတဲ့သူအတွက် ဖက်ထားမယ့်သူရှိတယ်ဆိုပါလား။ ဒီနှစ်သင်္ကြန်မှာ သေချာတာက စာကြည့်ရမယ်။ သနားလိုက်တာ ကိုယ့်ကိုယ်ကို။

Unknown said...

ဧရာဝတီမြစ်ထဲကရေ
အရမ်းအေးပါတယ်...
တွင်းထဲကရေ
အလျင်မီအောင် မဆုပ်နိုင်ဘူး။
အသေကဲလို့ ချမ်းလွန်းမှတော့
ကော်ဖီလည်းမတိုးတော့ဘူး...
ညမြို့ရဲ့ တချို့ဒေသ
ငြိမ်သက်လွန်းတယ်
အတာရဲ့ အနံ့အသက်
မဖြန့်ကျက်နိုင်ဘူး။
ထွက်ခဲ့ကြပါ...
သဘောထားကြီးကြီးနဲ့
ရိုးရာရဲ့ ဓလေ့တစ်ခုကို
အတွေ့အမြင်သစ် ယူလိုက်စမ်းပါ။
ဒါ ငါတို့ရဲ့
စိတ်နဲ့ ကိုယ်ကို အရေသစ်လဲမယ့်
နှစ်ဆန်းကာလလေ..

ဝိုးးးးးးးးးးးးးး ကောင်းလိုက်တာ......... ရေးတတ်လိုက်တာာာာာ

Post a Comment

About me

mypersonalspace
View my complete profile

Comment