Babysitter

Mar 11, 2013

1 comments
ပြောင်းလဲတတ်တဲ့အရာင်ထဲမှာ
ကောင်းကင် တစ်ခုပဲအပြစ်မဲ့တယ်။
မောင်းဆုံကို ဝလုံးသင်ပေးဖို့အသွား
သူ့နီတိတွေတောင် ပြန်အံခဲ့ရသေးတယ်။
ကိုယ့်ကိုကိုယ်ဖို့ထားတဲ့ ကျောက်စရစ်ခဲတွေလည်း
department store ထဲမှာ
ရွေးချယ်စရာတွေ ကြွယ်ဝနေလိုက်တာ
ဒဿဂီရိတောင် ငိုချလောက်ရဲ့၊
အတွေးစိတ်စေတနာတွေ
ဘယ်လောက်ရှည်လျားလျားပေါ့
အခုလောလောဆယ် ရွတ်ဖတ်နေတဲ့
သုံးရာခြောက်ဆယ့်ငါးပုံ တစ်ပုံကို
ရှင်သန်ထမြောက်စေနိုင်ဖို့
စက်ရုံဟောင်းထဲမှာ တစ်ဝဲလည်လည်
အလုပ်ရှုပ်နေတဲ့ ဖဲကြိုးတစ်ချောင်းကတော့
အိပ်ချင်ယောင်ပဲဆောင်နေခဲ့တယ်။

31st January, 2009

မနက်ဖြန်

0 comments
တိမ်ညိုတွေအုံ့စိုင်း မိုးကြိုးလျှပ်စစ်ရဲ့ဂီတ
အိတ်သွန်ဖာမှောက် တစ်ဝုန်းဝုန်းထတဲ့ ရေတံခွန်
ဘယ်လောက်ပဲ လေတွေ ဆိုးကြမ်းနေပါစေ
ဖြန့်ကျက်ထားတဲ့ လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်
အဲ့ဒါ
ခွန်အားအပြည့်ဆုံး breakfast ပါပဲ။

17th October, 2008

အပျော်ဆုံးနေ့သို့

Mar 7, 2013

4 comments
တစ်ရွေ့ တစ်ရွေ့ နှေးနှေးလွန်းလို့
ဝမ်းလျားကို မမှောက်ချင်တော့ဘူး။
လက်တစ်ကမ်း လက်တစ်ကမ်း ဖမ်း ဖမ်း ဆုပ်
ချွတ်ချော်မှုက လေအဝေ့တိုင်းမှာ ရောက်လာတယ်။
နောက်ဆုံး နောက်ဆုံးသော အသက်ကယ်ဆေး...
သည်အသက်နှစ်ဆယ် လူငယ်ကို
လမ်းလျှောက်တတ်အောင် သင်ပေးကြပါ။

1st October, 2006

ရုန်း

1 comments
ရှုပ်နေတဲ့ အမှိုက်ထဲမှာ ဝိဉာဉ်တွေပူးကပ်
နှုတ်ယူဖို့ ကြိုးစားတိုင်း ဒူးတစ်ခါ ညွတ်ရတာ
မျက်ရည်ဆိုတာ... အဲ့ဒီမှာ အဓိပ္ပါယ်ရှိုသွားတာပဲ၊
စိတ်ဆိုတာ ကိုရီးယားကား မဖြစ်နိုင်လို့
package တွေ ခွဲထုတ်လို့ မရနိုင်ဘူး။
နာမကျန်း ဖြစ်နေတဲ့ ခြေလှမ်းတွေက
ဖြီးလိမ်းပြင်ဆင်ထားရတဲ့ ကိုယ်ခန္ဓာကို လက်တွဲရတာ
မောရင်လည်း မောလှရောပေါ့၊
နှိုင်းစရာ စကားတောင်မရှိဘူးဆိုတဲ့ဘဝ...
စတေးနေရတဲ့ စရံတွေက အဖိုးအခကြီးလွန်းနေတယ်။

2nd February, 2007

A branch of

1 comments
ခါးဝတ်ပုဆိုးလို မြဲမြံထားသော limit များ
ရှင်းလင်းပြသထားတဲ့ ဗန်းထဲ
စိတ်စွမ်းအားလို့ ခေါ်တဲ့အစိတ်အပိုင်း အချို့လည်း
ကြွကြွရွရွ စီချယ်ပွင့်လန်းနေခဲ့၊
ဇာတ်ဆရာပဲဖြစ်စေ၊ ရထားမောင်းသူပဲ ဖြစ်စေ
နှင်းပန်းအုပ်ရဲ့ ရယ်သံကြားထဲ
ဆံချည်မျှင်သွေးကြောရဲ့ ဖိပ်ဖျားထိ
အိပ်မက် တစ်ပုဒ်လိုပါပဲ
မြူးထူး မြောက်တက်နေဖူးခဲ့။
ဆုန်း... ဆုန်းမှ စလင်သရင် ကျောင်းဆောင်ထွက်ဆုန်း
လက်သည်းခွံတောင်မကျန် ထိုးကိုက်ဖျက်စီးလို့
စိမ့်ပါပျော်ဝင်သွားတဲ့ မစ္စစ္စပီ...
တဂိုးခူးတဲ့ သစ်သီးချင်းထဲလည်း
မျက်ရည်တချို့ ကခုန်နေလေရဲ့။

5th January, 2009


Shapeless crystals

2 comments
အရိုးပေါ် အရည်တင် သီချင်းတစ်ပုဒ်က
တစ်ချပ်ချပ် စည်းဝါးလိုက်
အဲ့ဒီ အလှဖန်တီးရှင်ရဲ့ လက်ရာမြောက်ပုံများ
တောင်တွေကို တစ်ဒေါက်ဒေါက်ခေါက်
တိမ်ညို တိမ်ဝါတွေကိုတောင်
တည်နေရာ ဆွဲသားပိုင်းဖြတ်နိုင်သတဲ့၊
အလျားလိုက်၊ ဒေါင်လိုက်
ဘယ်ရှုထောင့်က ကြည့်မြင်သည်ဖြစ်စေ
ဘောင်ခတ်ကတဲ့ ပုံပြင်အချို့ကလည်း
မျဉ်းဖြောင့် တစ်ကြောင်းကိုပဲ
အတွန့်တွေ အခတ်တွေတပ်
ဟောင်းနွမ်းရိရွဲနေတဲ့ မင်းသားတစ်လက်ကို
ရှေ့ဖြစ်ပဲ ဟောကြားတော့မဲ့ ဒီဇိုင်းနဲ့
ထပ်ကာထပ်ကာ ထုတ်ဝေချင်သတဲ့၊
နေမသာတဲ့ နေ့တွေတုန်းက
လက်ချောင်းတွေကိုတောင်
ခင်းအိပ်ခဲ့ဖူးသေးတာပဲ
ဘာဖြစ်လို့များ..  အခုကျမှ
ရာဇဝင်ဆိုတဲ့ကောင်က
မထီလေးစားနဲ့ မျဉ်းဝင်ပိတ်ချင်နေတာလဲ?

22nd January, 2009


မှော်ဥမင်

0 comments
ခြုံနွယ် ပိတ်ပေါင်းနေတဲ့ တောကြီးမြက်မည်း
တစ်ဖွဖွ တွန်းကန်နေတဲ့ ဖိနပ်တွေလည်း
ပဲ့တင်သံတွေသာ အထပ်ထပ် အက်တက် နေတဲ့ မိုးထဲမှာ
နွမ်းနယ် လေးဖင့်နေလွန်းလို့...
မုန်းတိုင်းရဲ့ သားချော့တေးကိုတောင်
ခလုတ်တိုက်မှ ကြားကြားယောင်နေခဲ့တာ
ဟိုးပြီးခဲ့တဲ့ လမ်းစတွေလည်း တရွတ် တရွတ် ဆွဲ
သွေးသံတစ်ရဲရဲနဲ့ ပွစကျဲနေခဲ။

22nd January, 2009

Blindness

0 comments
ကမ္ဘာဂြိုလ်ရဲ့ ဆက်သွယ်မှု ကွန်ယက်တွေ
ပိတ်ဆို့ ကျဆုံးသွားပေမယ့်
လေညင်းနဲ့ တိုင်ဖုန်း မခွဲတတ်တဲ့
ငှက်တစ်ကောင်လို
ငါပျော်နေတယ်။
ကျမ်းဂန်လာ ရှာစက်ကြီးက
စာတစ်စောင် ပေတစ်လွှာ ဖွဲ့နွဲ့ ထားတဲ့
အတင်း သတင်း တချို့ကို
ခပ်ကျကျ ရနိုင်သလို
ငါ့ကိုယ်ငါလည်း ထင်ယောင်ထင်မှား။
ဘယ်လိုမျိုချထားတဲ့ တံတားမဆို
ဟိုး ဂျူပီတာနဲ့ တံသမန်ခင်းဖို့
တွင်းနက်ထဲက ဆီလီကွန်ကို
မျက်ရည်စတွေ ဖြေရှင်းပေးဖို့ဆိုတာ
ကာလ ဒေသ ပယောဂတွေနဲ့ အတူ
မင်းဝတ်ထားတဲ့ ပိုးစွပ်ကျယ်ဟာလည်း
နည်းနည်းပါးပါးတော့
ကြင်နာသမှုပြုရမယ်။

Valentine, 2009

About me

mypersonalspace
View my complete profile

Comment