Why can’t I write down love words?

May 17, 2013

2 comments



Why can’t I write down love words?
Why did I get aching every time I try that?
Why my love? Why?
Every sentence and every phrase become
Disorderly listed and skipped out of my hands.
At that time of grayish shiny twilight
You may be with a glass of wine and a girl of beauty.
Why did I still here left alone?
With nothing more than gone away laughs
Stupid desk and punctual clock.
When that time of I fall to sleep
Trying to drive away past thoughts of dreams we passed.
What are you doing my baby?

It seems to be faded away
But you will never know it’s tattoed in my whole heart.
So for you’ll also never know how deeply it harms in heart
And how much space it takes
So surely you’ll never try to ask me
How much meaning it goes to my life.

You’ll never know baby. Never know.
Every word and every kiss became
Thrillingly given and slipped out of my time.
You will never know why I fell tears
Every time I try to write down How much I love you.
Never.

17th May,  2010 (3:14 PM)

ခြေရာကောက် လမ်းလျှောက်ခြင်း

May 6, 2013

3 comments
  
အမေနဲ့အတူသွားခဲ့တာ 

ဆရာတော်ကျောင်းကိုသွားတုန်းက

တဝမ်ချောင်းကိုဖြတ်တုန်းက

ရိုးရာအက 


နန်းယွန်းချောင်း

ပွဲမုခ်ဦး

တံခွန်တိုင်

ထူပြီးသွားပြီ

အသက်အကြီးဆုံးအဘွား

သစ်လုံးစည်ကိုထုပြီး သီချင်းဆိုနေတဲ့ နာဂအမျိုးသားများ

အဘိုးအိမ်ရှေ့ ဆွေမျိုးများနဲ့ အမှတ်တရ

နှစ်သစ်ကူးနေ့

ဓာတ်ပုံဆရာမဟုတ်တော့ ပွဲခင်းထဲမဝင်ခဲ့ရဘူး

အားကစားပွဲတွေလည်း လုပ်ပါတယ်

မီးပုံပွဲ

တောင်ပေါ်မြို့လေး

ပွဲတက်ကြတော့မယ်

သည်မြို့လေးပေါ် မှာဆပ်စရာ အကြွေးတွေရှိတယ်

ဒါကတော့ ရှင်ဗွေယန်မှာပါ အဖေစခန်းချခဲ့ဖူးတယ် ဆိုတဲ့နေရာလေးမို့ရိုက်ခဲ့တာပါ  

တံတားပေါ်ကရိုက်ထားတာပါ

အဘိုးနဲ့ အဘွားပါ

လှလိုက်တဲ့မြင်ကွင်း

တံတားပေါ်မှာ


ခရီးထွက်ရမယ်တဲ့။
တစ်နှစ်လုံး မြို့တွင်းအောင်းနေရလို့ စိတ်တွေပုပ်သိုးနေတာလည်းကြာပြီ။
သည်မြို့လေးကို ရောက်ဖူးချင်ခဲ့တာလည်းကြာပြီ။
သည်ပွဲတော်ကို ကြုံဆုံဖူးချင်ခဲ့တာလည်းကြာပြီ။
သည်ခရီးကို သွားမယ်လို့ ပြောနေခဲ့တာလည်း ကြာပါပြီ။

သည်နေရာ၊ သည်ဒေသ၊ သည်လူမျိုး၊ သည်ပွဲတော်နဲ့ သည်တစ်သက်မှာနည်းဆုံးတစ်ကြိမ်တော့ ထိတွေ့ခံစားဖူးရမယ်လို့ စိတ်ပိုင်းဖြတ်ထားပေမယ့် အရင့်အရင် အချိန်တွေတုန်းကလိုပဲ ဆန္ဒတစ်ခုသာ ရောက်ရှိနိုင်ပြီး ပျက်ပြယ်သွားမယ့် ခရီးမျိုးလို့ ထင်ထားခဲ့လို့ တကယ်ကို အစစ်အမှန်သွားရမှာမို့ ဆေး၊ ပစ္စည်းတွေ ဝယ်တဲ့အချိန် ကားလက်မှတ်ဖြတ်တဲ့အချိန် ခရီးဆောင်အိတ် ပြင်ဆင်ပြီးတဲ့အထိတကယ်သွားရမှာ၊ တကယ်သွားရမှာလို့အကြိမ်တစ်ရာမက ရေရွတ်ရင်း အဝေးပြေးကားပေါ် ရောက်တဲ့ အချိန်ထိ မယုံနိုင်အောင် အံ့သြနေခဲ့ပါတယ်။

သည်မြို့ကို သည်လိုသာ ခရီးထွက်ရမယ်ဆိုရင် အဲ့ဒီ ခရီးဟာ ဘဝတစ်သက်တာမှာ မမေ့နိုင်စရာအကောင်းဆုံး ခရီးဖြစ်မယ်ဆိုတာ ဟိုးအရင်ကတည်းက ကြိုတင်ခန့်မှန်းမိပေမယ့် တကယ့်အထိအတွေ့က ပိုပြီး ညက်ညောညင်သာပါတယ်။ ဘယ်မြင်ကွင်းကိုမှ လက်လွတ်မခံနိုင်ပဲ ဘယ်လေညင်းကိုမှ အဖြတ်ကျော်မခံနိုင်ပဲ မိမိရရကို မြင်တွေ့ခံစားမိချင်တဲ့စိတ်က နှလုံးသားကို တင်းတင်းကျပ်ကျပ်သိမ်းပိုက်ထားပါတယ်။

Naked zero

Apr 29, 2013

3 comments
(၁)
ကိုယ်ဆိုတဲ့ သုညက ကွေ့တွေဘယ်လောက်ပြောင်းပြောင်း နစ်မလို မြုပ်မလို ဖြစ်ခဲ့ရင်တောင် လှော်တက်ကို မပြောင်းတဲ့သူ...
ကိုယ်ယုံကြည်တဲ့ အမှန်တရား နှလုံးသားမှာ ကိန်းအောင်းကြောင်း သက်သေသက်ကာရ ထူထောင်ဖို့ အူမတွေ သီလတွေ ချိန်ကိုက်မနေတဲ့သူ...
ကိုယ်တိုင်တည်ထားတဲ့ သစ္စာဆိုတာ ဘယ်အရပ်မျက်နှာရဲ့ ဘယ်အစက်အပြောက်ကနေ အနက်ကောက်ပါစေ တစ်လုံးတစ်ပါဒ ခြေချော်လက်ချော်မရှိပဲ စေ့စေ့ပေါက်ပေါက် တိကျတဲ့သူ...
ကိုယ်နားလည်ထားတဲ့ ဘဝဆိုတာ သည်နေ့ပြီးရင် မနက်ဖြန်တွေချည်းပဲ ဆိုပေမယ့် မနေ့ကကို ပြန်စဉ်းစားရင် နောင်တတရား တစ်စေ့တစ်ပေါက်လေးမှ အစွန်းမခံနိုင်တဲ့သူ...
ကိုယ်ပြောပြောနေတဲ့ တန်ဖိုးဆိုတာ ငွေစက္ကူ၊ ဒင်းဂါးပြား၊ cheque ၊ စာချုပ်စာတမ်း အားလုံးစုတ်ဖြဲ မီးလောင်တိုက်သွင်း သော့ခတ်ခဲ့ပြီးမှ ထင်ထင်ရှားရှား မြင်သာစေတဲ့သူ...
ကိုယ့်နှလုံးသားထဲက အချစ်ဆိုတဲ့အရာက တစ်ယောက်တွေ ပိတောက်တွေ နားမလည်ပေမယ့် အတိတ်တွေ အရိပ်တွေ ထိုးကော်တူးဆွမနေပဲ ဟိုး အရှေ့ကို တည့်တည့်မျက်နှာမူ လက်တွဲချင်းခိုင်ခိုင် မြဲမယ့်သူ...
ကိုယ်ပေါင်းဖက်ချင်တဲ့ ထာဝရဆိုတာက မင်းစွန့်ခွာသွားတဲ့ ညနေက သံသရာကိုမကြောက် အဖန်တွေဆက်ခဲ့တာတောင် ဗိုက်အောင့်သက်သာပါမယ်ဆိုတဲ့ ဆေးတွေ on ခံရပြီးနောက် နိုးထလာတဲ့ မနက်မှာ မင်းမျက်နှာမှ မမြင်ရရင် ထပ်တစ်ခေါက်ပြန် မြတ်စွာဘုရားရဲ့ အဆုံးအမကို တော်လှန် ငရဲတွင်းထဲပဲ ဝဲနေချင်တဲ့သူ...

တနင်္ဂနွေည

Apr 20, 2013

1 comments

အုံ့မှိုင်းမှိုင်းဆန်လွန်းတယ်။
မနက်ဖြန်က တစ်ပတ်စာအသစ်
လုံလုံလောက်လောက် ဖြစ်နေပြီ။
ကြိုဆိုသူတွေက ဥသြဆွဲနေပြီ။
လက်ထဲဆွဲကိုင်လို့မရတာ
အဲ့ဒီ တယ်လီဖုန်းပဲ။
Holiday ဖြစ်ပါသည်။
ခေါင်းစဉ်မရှိတဲ့နေ့တွေနဲ့
Stress တွေနဲ့အတူ အိပ်မက်တွေပါ ဝေးကုန်တယ်။
ဆောက်ပြီးတာနဲ့ပျောက်သွားတယ်။
ဘယ်တန်ခိုးရှင်လဲ ဆိုတာ အဖြေသိဖို့
ဘယ် key ကိုနှိပ်ရမှာပါလဲ

1st October, 2006 (10:07 PM )

သင်္ကြန်

Apr 8, 2013

2 comments
ကျန်ခဲ့ပြီ
နှစ်အပုပ်အသိုးနဲ့
နွမ်းညစ်ညစ်အတွေးတွေ။
ဟန်ဆောင်သွေးတွေ
မဏ္ဍပ်ရှေ့မှာ ခွာချထားခဲ့ပြီ။
ရေပတ်ခံမယ့်သူတွေအတွက်
ရေလောင်းမယ့်သူရှိတယ်၊
က ချင်တဲ့သူတွေအတွက်
ဆိုမယ့်သူရှိတယ်၊
ချမ်းတဲ့သူတွေအတွက်
ဖက်ထားမယ့်သူရှိတယ်။
ပြည့်ကျပ်နေတဲ့ အကွက်အကွင်း
lever ကိုလျှော့ပါ၊
လုံခြုံရေးတွေ မမြင်မိတဲ့
ကဆုန်ပေါက်တဲ့ ဆိုင်ကယ်တွေရှိတယ်၊
လမ်းမှာပိတ်ရပ်ရင်
နည်းနည်း သည်းခံပါ၊
'သင်္ကြန်မို့ပါဗျာ'...
အထူးပြင်ဆင်ထားတဲ့
ငါတို့ရဲ့  စက်ကလေးနဲ့
ဖွင့်ထားတဲ့ exhaust ရဲ့ အသံ
သည်ရက်အတွင်းတော့
အာပြဲဦးမှာပဲ...
ဧရာဝတီမြစ်ထဲကရေ
အရမ်းအေးပါတယ်...
တွင်းထဲကရေ
အလျင်မီအောင် မဆုပ်နိုင်ဘူး။
အသေကဲလို့ ချမ်းလွန်းမှတော့
ကော်ဖီလည်းမတိုးတော့ဘူး...
မြို့ရဲ့ တချို့ဒေသ
ငြိမ်သက်လွန်းတယ်
အတာရဲ့ အနံ့အသက်
မဖြန့်ကျက်နိုင်ဘူး။
ထွက်ခဲ့ကြပါ...
သဘောထားကြီးကြီးနဲ့
ရိုးရာရဲ့ ဓလေ့တစ်ခုကို
အတွေ့အမြင်သစ် ယူလိုက်စမ်းပါ။
ဒါ ငါတို့ရဲ့
စိတ်နဲ့ ကိုယ်ကို  အရေသစ်လဲမယ့်
နှစ်ဆန်းကာလလေ..
'မင်္ဂလာနှစ်သစ်ပါ'

16th April, 2006




Spring cottage

Mar 19, 2013

3 comments
That cottage is a home which we built with heart.
Needless to say , it's so sweet and nice insight.
Beneath the clear blue sky, covering whitest clouds.
Surrounded with boughs of teak.
Near the shore, floored with sand.

Beautiful you and perfect love
Complete my way through.
There's nothing what we need more.

When you walk down along the trace
Together with your puppy Bee
That scene enrich the evening more than everything.

I can see your hands waving
From the verandah that means more than a moon
I may smile you back though you can't see it.
But I can see your mouth playing with unsatisfactory mood.
Yes, this is also a piece of symphony.

At night, you will laugh at my old songs.
Even it is I can only make,
Thank you so much for listening my beats.
It's a heaven home baby.

While your cloths' sleeves are moving with wind
I can smell your skin that I hugged everyday.
I can sense the kindness of touch that you comforted me.
I can feel your hands that took me far away.
Oh baby, please live in that cottage and never left behind.

The touch of your hair stimulates all my sensory cells.
And it makes awake me up all night.
Let me stay beside you the whole life baby.
For my life candle will blow out
If you go away just for a minute.
You are the one who knows me and so do I.
So let's spend our spring warmly tied.
The breathe in and out of ours is just a single one.

17th May, 2010

On the silver lane

Mar 16, 2013

2 comments




သူမခြေလှမ်းပေါင်း များစွာကိုလှမ်းခဲ့ပြီ။ ဘယ်လောက်များသလဲဆိုတာ ရေတွက်ဖို့တောင် မဖြစ်နိုင်လောက်အောင် လှမ်းခဲ့ပြီ။ မဟုတ်ဘူး၊ သူမ မိုင်တိုင်အချို့ကိုတောင် ဖြတ်ကျော်လာခဲ့ပြီ။ သူမလာခဲ့သောလမ်းက ရှည်လျားလွန်းလို့ ခြေကုန်လက်ပမ်းကျလာခဲ့ပြီ။ သူမအရမ်းကို မောပန်းနေပါပြီ။ သူမဘယ်လောက် ဝေးဝေးကို ရောက်နေပြီလဲဆိုတာ သူမကိုယ်သူမလည်း မသေချာ။ သူမက ဘယ်လောက်တောင် အဝေးကို သွားခဲ့လို့ သူမရဲ့အိမ်က ဘယ်လောက်အဝေးမှာ ကျန်ခဲ့မှန်း သူမ မသိတော့။ သူမရှေ့က မျက်စိတစ်ဆုံးမှာတော့ ကျိုးတို့ကျဲတဲ အိမ်ခြံများအလယ်မှာ မိန့်မိန့်ကြီးလှဲလျောင်းနေသော ငွေလမ်းမကြီးသာ ရှိသည်။ သူမသွားချင်တာ ထိုလမ်းမကြီး၏ ဘေးဝဲယာက အမှတ်တစ်ခုလား၊ ထိုလမ်းမကြီး၏ အဆုံးလား။ သူမ၏နောက်ဝေးဝေးတစ်နေရာမှာတော့ အဆောက်အဦး မြင့်မြင့်မားမားများ လှလှပပ စီချထားသော ရှုပ်ထွေးမောပန်းစွာ တက်ကြွနေသော ဒေသတစ်ခုရှိလိမ့်မည်။ ထိုဒေသတွင် တစ်ခုအပါအဝင်ဖြစ်သော သူမ၏အခန်းကို ပြန်ရောက်နိုင်ဖို့ ဆိုလျှင်တောင် တော်တော်များများ ပြန်လှမ်းရဦးမည်။ သူမ၏အိမ်ကို ရောက်ဖို့ဆိုတာတော့ အဖြေရှိလျက် သူမမသိခဲ့သော မေးခွန်းတစ်ခုသာဖြစ်သည်။ ထိုလမ်းမကြီးပေါ်ကနေတော့ သူမအိမ်ကိုပြန်ဖို့ ဘယ်အရပ်သို့ မျက်နှာမူရမယ်ဆိုတာ ကိုပင်သူမမသိပါ။ သူမ၏နားထင်နှင့် ပါးပြင်များတွင် စိုစွတ်လာနေသော်လည်း သူမလက်ဖမိုးများဖြင့်သာ ပွတ်သပ်ချနေမိုသည်။ ထိုစိုစွတ်မှုသည် အရေပြားမှလာသလား မျက်ဝန်းအိမ်များမှ လာသလား သူမမသိသော်လည်း သူမခြေထောက်များကတော့ ဆက်လှမ်းလျက်သာရှိသည်။
                       ×××××××××××××××××××××××××××××××××××××××

About me

mypersonalspace
View my complete profile

Comment