ဘယ်တုန်းကမှ သည်လောက်ဒေါသမကြီးခဲ့လို့
ဘယ်တုန်းကမှ ဒီလောက်များများမရေးဖူးခဲ့
အေးခဲသွားပြီဖြစ်တဲ့ ချော်ကျောက်တွေလို
အပြာရောင်အိပ်ရာခင်းကို ဆူပူကြိမ်းမောင်းဖို့တောင်
ငုံးတိတိစိတ်ကို ဆွဲဆန့်လို့မရ
တီဗီ မင်းသားတွေကတော့
ကြိုးစားခဲ့တာ ဒီလိုအဆုံးသတ်ဖို့ မဟုတ်ဘူးတဲ့၊
ပလူတစ်ကောင်အတောင်ခတ်တာတောင် ကြားရတဲ့နောက်
တိတ်ဆိတ်အသက်မဲ့ခြင်းဆိုတာ
ဗိုလ်ရှုသဘင်အတွက် ငါးစိမ်းတန်းတစ်ခုလို
နှင်လိုရာမသွားတဲ့ ငါတို့ရဲ့ မြင်းရထားနဲ့
အိမ်အပြန်လမ်းဆိုတာဟာလည်း
စစ်တလင်းပြင်တွေကိုဖြတ်လို့
ရောက်ပဲ မရောက်တတ်နိုင်ခဲ့။
2nd March, 2009
ဒီဇင်ဘာ မိုး
1 year ago


2 comments:
မန့်သမျှလဲ spam ထဲပဲရောက်ရောက်ကုန်တယ်ထင်ရဲ့။ သူများဘလော့တွေရော ၀င်ဖတ်ရဲ့လားဟင်
not span လိုက်ပီနော်
ဝင်ဖတ်ဖြစ်တယ် comment ပဲ မပေးဖြစ်တာ ဟီး ဟီး
Post a Comment