Black hole

Feb 13, 2013

ချိုချိုရှရှ အချစ်ဆိုသတဲ့
ဖောက်ပြား ပျက်ရွင်းတတ်သောသိက္ခာ
ပခုံးကိုဖက်တွဲ ပူးစုံ ခုန်ပြေးရတာ
တော်တော်ကလေးတော့ ဆောင်းကန်းကန်း
ချယ်ရီပဲဖွေးဖွေး ပိတောက်ပဲ မွှေးမွှေး
စပျစ်သည်လည်း စပျစ် ၀ိုင်သည်လည်းဝိုင်
ဓါတုဒြပ်ပေါင်းရဲ့ ဒြပ်စည်းတွေ ဘယ်လိုပဲ ကွန်ယက်ပါစေ
မပြောင်းလဲတဲ့ ဈေးဝယ် လက်တွန်းလှည်းရဲ့ စတီးလ် ချောင်းတွေကတော့
ကျီကျီ ကျွီကျွီ လေးဖဲ့ တွန်းဆွဲ ညည်းညူလျက်
တံဆိပ်တွေ ခပ်နှိပ် လက်မှတ်တွေ ဖော်ပြနဲ့
ဒါက terminator condition မပါတဲ့ looping တစ်ခု။

26th March,2011

2 comments:

Yoemyaykya said...

Black hole ထဲ ကျသွားတာ ကိုယ့်ကိုယ်တောင် မနည်းပြန်ထုတ်ခဲ့ရတယ်။

mypersonalspace said...

ဒါပေမယ့် အချစ်နဲ့တွေ့ ရင် အားလုံးက အရေးပေါ်ပါပဲ

Post a Comment

About me

mypersonalspace
View my complete profile

Comment