အော်ဒါပဲ မှာလိုက်ချင်တယ် သီးသန့် ဒီဇိုင်းတစ်ခု
ရင်ဘောင်တန်းတဲ့ အရာတွေဆိုရင် ပုခုံးနှစ်ခုကတောင် ထသတ်တယ်။
ဆင်တူရိုးမှားအမြဲ သတိပြုတယ်၊ တံဆိပ်ရိုက်နှိပ်လို့ပေါ့
စွဲကျန် မြဲမြံနေတာဟာ အနိုင်ရတာပဲဖြစ်သင့်တယ်။
ခံစားမှုတွေက မိုက်ခရိုစကုပ်ကို ဖြတ်သန်းချပြ
ခပ်ကြီးကြီးမြင်ပြီး အမြဲကို ရူးကြောင်နေတော့တာပါပဲ။
ဒီမှာပဲ အခြေချပါ၊ ရွှေ့ယူပြောင်းမသွားပါနဲ့တော့
မုန့်ကိုတော့ခွဲဝေ ပြီးစားနိုင်တာပေါ့။
8th September, 2006
ဒီဇင်ဘာ မိုး
1 year ago


1 comments:
ကဗျာတွေဖတ်ရတိုင်း စိတ်ထဲတစ်မျိုးခံစားရတယ်။ အရေးအသားတွေက မိုက်တယ်။ ဒါတောင် (၂၀၀၆)ကရေးခဲ့တာနော်ညီမလေး
Post a Comment