ရွက်ကြွေပေါင်းကူး

Feb 23, 2013

နှင်းရည်စိုရွှဲတဲ့ နံနက်ခင်းတစ်ခုကို
လိပ်ပြာတစ်ကောင်က ဆုပ်ယူခြေမွ
ကမ္ဘာတစ်ဖက်ခြမ်းက
အမောတကောပြန်ခဲ့တဲ့ ရာသီလည်း
လမ်းတကာ၊ အိမ်တကာ၊ အခမ်းအနားတကာတိုင်းမှာ
ပန်းဝတ်လွှာတွေ ဆွတ်ခြူ
ခုနှစ်ရောင်ခြယ် စက်ဝိုင်းကွေးလည်း
ငုပ်လျှိုး ကွယ်ပ
မှန်ဘီလူးခုံးတိုင်း အတွက်
ပိုမို မဲပေးစရာ
ဘယ်အင်ကြင်းကမှ အစွမ်းမထက်နေခဲ့၊
ဘိသိက်ဆရာရဲ့ အခါတော်ပေးလည်း
ဥသြတစ်ကောင်အပေါ်
သြဇာမသက်ရောက်နိုင်ခဲ့။

22nd January, 2009

1 comments:

Yoemyaykya said...

ပေါင်းကူးလေး ခံစားရတာ တသိမ့်သိမ့်။ ထိုက်ထိုက် မမ ဖေ့ဘုတ်ဂရုအပ်လိုက်ပီနော်။ ရှေ့လျှောက်စာဖတ်ဖို့ကြိုးစားကြစို့။

Post a Comment

About me

mypersonalspace
View my complete profile

Comment