၁၁ နာရီ ထိုးမှာ ကြောက်တယ်
တီဗီ အစီအစဉ်တွေကော
ရေဒီယို ဒုတိယ အစီအစဉ်တွေကော
ပြီးတဲ့နောက်
အမှောင်ထဲမှာ တစ်ယောက်တည်း
ကျန်ခဲ့ရမှာ ကြောက်တယ်။
စာလုံးတွေနဲ့ အဖော်ပြုပါတယ်
သူတို့က ကိန်းကြီးခမ်းကြီးနိုင်လွန်းလို့
မှောင်မှောင် မည်းမည်း နဲ့တောင်
မအိပ်နိုင်တဲ့ ငါ့ကို မိုးအလင်းဒုက္ခပေးတယ်။
ဘာတွေပဲ ထုတ်လွှင့် ထုတ်လွှင့် အရေးမကြီးဘူး
ငါရချင်တာ အသံတစ်ခုသာပဲ။
ဘောလုံးပွဲတွေ မကြည့်တတ်တော့
ငါ့ ၁၁ နာရီတွေက ပိုအထီးကျန်ဆန်တယ်။
ဒါကြောင့် ငါ စဉ်းစားတယ်
၁၁ နာရီမှာ ဘာများလုပ်ရမလဲလို့
လှပလွန်းတဲ့ South Africa ကလည်း
ခပ်တုံးတုံး ငါ့ကို မဆွဲဆောင်နိုင်တော့
ငါ့မှာ ကော်ဖီပဲ ထဖျော်ရတော့မလား...
နားကြပ်တွေနဲ့ပဲ ပိတ်ထားရတော့မလား...
စကားပြောဖော်ပဲ ရှာရတော့မလား...
ငါ့ ၁၁ နာရီ ကွက်လပ်တွေကို
ဖြည့်ဆည်းနိုင်မယ့် အရာ ရှိရင် ၀ယ်ယူလိုပါတယ်။
22nd July, 2010
ဒီဇင်ဘာ မိုး
1 year ago


1 comments:
ဟင်ဝယ်ချင်တော့ဆိုတော့ ဘယ်သူ့သွားမေးရပါ့။ ရောင်းမယ့်သူရှိလားဗျို့။
Post a Comment