ခါးသက်သက်သဲမှုန်တွေ
အပြည့်အသိပ်ပေါက်ရောက်နေ
ခိုက်ခိုက်တုန်နေတဲ့ မြပုဝါကို
ဒိုင်တခွက်တစ်လုံးရဲ့ခေါက်တုံ့ ခေါက်ပြန်တွေ
အိပ်ဖန်စောင့်နေ
စတိုင်လ် တစ်ခွဲသားနဲ့
သားရေဦးထုပ် တစ်ဆင်စာကတော့
ကော့တေးတစ်ခွက်ကို ပြန့်ပြန့်ရန့်ရန့် ခင်းနေ
လေပြေရဲ့ ယိမ်းနွဲ့မှုကို
ဟာသလုပ်နေတဲ့
ငါတို့ရဲ့ မိုးပျံလှေကားတွေ
မေမေ့ကို တစ်ကြော်ကြော်ဆာနေတဲ့
မလင်းချင်း မပေါက်မြောက်နိုင်
ဘာသာမပြန်နိုင် ကိုယ်ချင်းမစာနိုင်တဲ့
ရုပ်ပုံကားဆက်ရဲ့ သင်္ကေတတွေကိုတော့
အရိပ်အာဝါသ မခိုလုံစေနေ...
27th Jan, 2009


2 comments:
ကဗျာဆရာလုပ်ဖို့ကောင်းနေပြီ။ ၂၀၀၉ တုန်းက ရေးခဲ့တာဆိုတော့ ခုရေးထားတဲ့ လတ်လတ်ဆတ်ဆတ်တွေ မတင်တော့ဘူးလား ညီမလေး။
အဟောင်းတွေအရင်ဖြတ်ချင်နေလို့မမ
Post a Comment