လေးလေးလံလံ ခြေထောက်တွေနဲ့ ပေတစ်ရာလမ်းပေါ်မှာ
ချိနဲ့နဲ့ ခွန်အားကိုပြု၊ အိပ်မှုန်စုန်မွှား နင်းချခဲ့ရတဲ့ ဘီးလည်သံ...
အမှတ်သညာ မသေချာတဲ့ မှတ်ဥာဏ်နဲ့ လမ်းလည်ကျွန်းက အပင်တွေကို လက်တွေချိုး...
ကုန်းဆင်းကို အရှိန်လျှော့ဖို့ မေ့ရင်း ဘ၀ဆိုတာ ဘာလဲ?
မရိုးနိုင်တဲ့ရှေးအကျဆုံး ဒဿနကို အဖြေရှာ၊ ဟင့်အင်း လွဲနေပြီ၊ ဟုတ်တာပေါ့
အတက်ဆိုတာ အားမာန်ရှိမှ ဖြစ်မှာပေါ့။ ဘ၀ဆိုတာ သစ်တော်သီးဆိုရင်လည်း
ကိုက်သာစားလိုက်ရုံပါပဲ။ ဖြစ်သမျှတွေ အကောင်းချည်းနဲ့လည်း
မတင်းတိမ်နိုင်သမျှ၊ တတ်နိုင်သမျှလေးတော့ ဟိုး တောင်ကုန်းတွေထက်က စေတီကို
ဦးခိုက် အနာသစ်တွေ ထပ်မဖြစ်ဖို့ ဆုတောင်းမယ်။
2nd August, 2005
ဒီဇင်ဘာ မိုး
1 year ago


1 comments:
အနာသစ်တွေထပ်မဖြစ်ပါစေနဲ့။ ညီမလေး အဆင်ပြေရဲ့လား။ မက်ဆေ့ပိုတာရတယ်။
Post a Comment